Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်မှာ သင်္ဘောမတော်တဆမှုအတွက် တရုတ်ကို ဖိလစ်ပိုင်ကန့်ကွက်


ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ထုတ်ပြန်ထားတဲ့ ဓါတ်ပုံထဲမှာ တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သ‌ေင်္ဘာဆီချဉ်းကပ်လာတဲ့ တရုတ်ကမ်းခြေစောင့်တပ်သ‌ေင်္ဘာကိုတွေ့ရစဉ် (မတ် ၅၊ ၂၀၂၄)
ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) က ထုတ်ပြန်ထားတဲ့ ဓါတ်ပုံထဲမှာ တောင်တရုတ်ပင်လယ်တွင်း ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်သ‌ေင်္ဘာဆီချဉ်းကပ်လာတဲ့ တရုတ်ကမ်းခြေစောင့်တပ်သ‌ေင်္ဘာကိုတွေ့ရစဉ် (မတ် ၅၊ ၂၀၂၄)

တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောနဲ့ ဒီကနေ့ တိုက်မိတဲ့အတွက် သူတို့ရဲ့ သင်္ဘောတစီး ပျက်ဆီးသွားတယ်လို့ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။​ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေက အန္တရာယ်ဖြစ်စေနိုင်တဲ့အနေအထားအထိ သူတို့ သင်္ဘော ၂ စီးနားကို ကပ်လာခဲ့တာမှာ သင်္ဘောတစီး အနည်းငယ် ထိခိုက် ပျက်ဆီးသွားတယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် ပြောခွင့်ရ Jay Tarriela က အရင် Twitter လို့ခေါ်တဲ့ X လူမှုကွန်ယက်မှာ ရေးပါတယ်။

တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောကနေ ရေပိုက်တွေနဲ့ ပက်ခဲ့တဲ့အတွက် တခြားသင်္ဘာပေါ်က ဝန်ထမ်း ၄ ဦးလည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာဌာနက သီးခြားထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီကမ်းခြေစောင့်တပ် သင်္ဘော ၂ စီးဟာ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ကို ထိန်းသိမ်း စောင့်ရှောက်ဖို့ Second Thomas Shoal မှာ တမင်ကျောက်ချထားတဲ့ သင်္ဘောပျက်ဆီကို စားနပ်ရိက္ခာနဲ့ တာဝန်ပြောင်းကြမယ့် တပ်ဖွဲ့ဝင်တွေကို သယ်ဆောင်လာတဲ့ အရပ်ဘက် သင်္ဘော ၂ စီးကို အစောင့်အဖြစ် လိုက်ပါလာတာ ဖြစ်ပါတယ်။

တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ Ren’ai သန္တာကျောက်တန်းတွေအနီးက ရေပိုင်နက်ထဲကို ဖိလစ်ပိုင်သင်္ဘောတွေက တရားမဝင် ဝင်ရောက်လာတဲ့အတွက် သူတို့ဘက်က ခုခံ ကာကွယ်တဲ့သဘောနဲ့ ဆောင်ရွက်ခဲ့ရတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG