Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရဲ့ ရာဖာမြို့စစ်ဆင်ရေးဆိုင်းငံ့ထား 


အစ္စရေးနဲ့အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုကြားတိုက်ပွဲတွေအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းက ရာဖာမြို့မှာ မီးလောင်ကျွမ်းနေပုံ။
အစ္စရေးနဲ့အစ္စလာမ်မစ်စစ်သွေးကြွအုပ်စုကြားတိုက်ပွဲတွေအတွင်း အစ္စရေးတိုက်ခိုက်မှုကြောင့် ဂါဇာတောင်ပိုင်းက ရာဖာမြို့မှာ မီးလောင်ကျွမ်းနေပုံ။

အစ္စရေးရဲ့ ရာဖာမြို့မြေပြင်စစ်ဆင်ရေးကို ခဏဆိုင်းငံ့ထားပြီး အစ္စရေးနဲ့အမေရိကန် တာဝန်ရှိသူတွေရဲ့ဆွေးနွေးပွဲကို ပြန်လည်စီစဥ်နေတယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။ အနည်းဆုံး အဲဒီအစည်းအဝေးအပြီးထိ စစ်မဆင်ဘူးလို့ အမေရိကန်အစိုးရက မျှော်လင့်ထားကြောင်း အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ကြာသပတေးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်-အစ္စရေး အစည်းအဝေးရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ သူကဆိုပါတယ်။ အမေရိကန်က ဗီတိုမသုံးတာကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဂါဇာစစ်အပစ်ရပ်ရေး ဆုံးဖြတ်ချက်ကျသွားပြီးတဲ့နောက် အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ဝါရှင်တန်ဆီစေလွှတ်မယ့်ကိစ္စ အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟုက တနင်္လာနေ့က ပယ်ဖျက်ခဲ့တာပါ။ ဒါပေမဲ့ ဒီ အစည်းအဝေးလုပ်ဖို့ အစ္စရေးဝန်ကြီးချုပ် နေသန်ယာဟုက သဘောတူကြောင်း အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဂါဇာတောင်ပိုင်း အီဂျစ်နယ်စပ်က ရာဖာမြို့မှာ စစ်ပြေးဒုက္ခသည်တွေအပါအဝင် ပါလက်စတိုင်း ၁.၄ သန်း နေထိုင်နေကြပါတယ်။ ရာဖာတိုက်မယ့်အစီအစဥ်ကိုစွန့်လွှတ်ဖို့ အမေရိကန်က အစ္စရေးကို တိုက်တွန်းနေပြီး ၆ လအကြာ ဂါဇာစစ်ပွဲကိုင်တွယ်တိုက်ခိုက်ပုံနဲ့ပတ်သက်လို့ အမေရိကန်နဲ့အစ္စရေးကြား သဘောကွဲနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG