Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကြီးတန်သံတမန် စင်ကာပူရောက်ရှိ


တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနအကြီးအကဲ - Liu Jianchao စင်္ကာပူနိုင်ငံ၊ ရှန်ဂရီလာဟိုတယ်မှာကျင်းပတဲ့ အနာဂတ် တရုတ်နိုင်ငံတော် ဆွေးနွေးပွဲ တက်ရောက်ပြောကြားစဥ်။ (မတ်လ ၂၇၊ ၂၀၂၄)
တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနအကြီးအကဲ - Liu Jianchao စင်္ကာပူနိုင်ငံ၊ ရှန်ဂရီလာဟိုတယ်မှာကျင်းပတဲ့ အနာဂတ် တရုတ်နိုင်ငံတော် ဆွေးနွေးပွဲ တက်ရောက်ပြောကြားစဥ်။ (မတ်လ ၂၇၊ ၂၀၂၄)

"ကမ္ဘာကြီးမှာ အပြန်အလှန်ဆက်သွယ်မှု လိုနေတာပါ။ အဆက်ဖြတ်ကြဖို့ မဟုတ်ပါဘူး" လို့ နောက်ဖြစ်လာမယ့် တရုတ် နိုင်ငံခြားရေးဝန်ကြီးလို့ယူဆကြတဲ့ အကြီးတန်းသံတမန် လျူကျင်းချောင် (Liu Jianchao) က ၄ ရက်ကြာ စင်္ကာပူခရီးမှာ ပြောလိုက်ပါတယ်။

လျူဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဌာနအကြီးအကဲဖြစ်ပြီး စင်ကာပူဝန်ကြီးချုပ် လီရှင်လွန်း၊ ဒုတိယဝန်ကြီးချုပ် လောရင့်စ်ဝေါင်တို့နဲ့တွေ့ဖို့ စင်္ကာပူမှာ ရောက်ရှိနေတာပါ။ လက်ရှိ ပဋိပက္ခတွေများလှတဲ့အခြေအနေမှာ ထိတွေ့ဆက်ဆံတဲ့ယဥ်ကျေးမှုကို ကမ္ဘာက လိုအပ်နေတာဖြစ်ပြီး တိုက်ခိုက်ကြတဲ့ ယဥ်ကျေးမှုမဟုတ်ဘူးလို့ အနာဂတ်တရုတ် ဆွေးနွေးပွဲအခမ်းအနား မိန့်ခွန်းမှာဗုဒ္ဓဟူးနေ့က ပြောကြားသွားတာဖြစ်ပါတယ်။

အမေရိကန်နဲ့ဆက်ဆံရေးကို ဆွေးနွေးရာမှာတော့ တရုတ်ကို ထိန်းချုပ်၊ ဖိနှိပ်ထားလိုတဲ့ မူဝါဒ ကို အမေရိကန်မစွန့်သေးဘူးလို့ သူကဆိုပါတယ်။ တရုတ်နဲ့စင်ကာပူ နှစ်နိုင်ငံခရီးသွားကြရာမှာ နိုင်ငံသားတွေအနေနဲ့ ရက် ၃၀ ဗီဇာမလိုတဲ့ သဘောတူညီချက်ကိုလည်း ဒီခရီးစဥ်အတွင်း ကြေညာခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးကို ဆက်လက် တိုးချဲ့ကြဖို့ မစ္စတာလျူနဲ့ ဝန်ကြီးချုပ်လီတို့ ထပ်မံပြောခဲ့ကြတယ်လို့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG