Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"လူ့အခွင့်အရေးစိုးရိမ်မှုတွေထဲ ယူကရိန်းစစ် ဆူဒန်နဲ့ ဂါဇာ ပါဝင်" ကန်နိုင်ငံခြားရေးဝန်ကြီး


Kharkiv's civilians under fire as Ukraine faces air defence shortage
Kharkiv's civilians under fire as Ukraine faces air defence shortage

ကမ္ဘာ့လူ့အခွင့်အရေးအတွက် စိုးရိမ်စရာ အထင်ကရဖြစ်ရပ်တွေထဲမှာ ရုရှားယူကရိန်းကျူးကျော်စစ်၊ ဆူဒန်ပြည်တွင်းစစ်နဲ့ အစ္စရေး-ဟာမတ်စ်စစ်ပွဲတွေ ပါဝင်တယ်လို့အမေရိကန်နိုင်ငံခြားရေးဝန်းကြီး Antony Blinken ကပြောပါတယ်။ ယူကရိန်းကို ရုရှားတို့ကျူးကျော်တိုက်ခိုက်တာဟာ လူ့အခွင့်အရေးကိုထင်ရှားစွာ ချိုးဖောက်လိုက်တာဖြစ်တယ်လို့ နှစ်စဉ်ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၂၃ နိုင်ငံတကာလူ့အခွင့်အရေးအစီရင်ခံစာနိဒါန်းမှာ ဖော်ပြထားတာပါ။ အရပ်သားပြည်သူတွေကို စစ်လက်နက်တွေလို အကြမ်းဖက်နေတာဟာ လူ့အခွင့်အရေးကို လုံးဝလျစ်လျှူရှုထားတဲ့ ပြယုဒ်ဖြစ်တယ်လို့လည်း ဝန်ကြီး Blinken က ပြောပါတယ်။

အစိုးရအဖွဲ့တွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေအပါအဝင် ခိုင်မာတဲ့အချက်အလက်အတော်များများကို အခြေပြုပြီး လူ့အခွင့်အရေးအစီရင်ခံစာကိုပြုစုထားတာပါလို့လည်း ဝန်ကြီး Blinken ရဲ့ ထုတ်ပြန်ချက်မှာပြောထားပါတယ်။ ဆူဒန်နိုင်ငံက ပြည်တွင်းစစ်ဟာလည်း လူ့အခွင့်အရေးအတွက် ထင်ရှားတဲ့ခြိမ်းခြောက်မှုတွေဖြစ်ပြီး ပဋိပက္ခဖြစ်နေတဲ့ နှစ်ဖက်စလုံးက ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ၊ လူသေဆုံးမှုတွေအပြင် ဖျက်လိုဖျက်ဆီးပါ လုပ်နေကြတယ်လို့လည်း ပြောပါတယ်။​

အစ္စရေးလ်၏-ဟာမတ်စ်အရေးဟာလည်း လူ့အခွင့်အရေးအတွက် အလွန်စိုးရိမ်စရာပြဿနာဖြစ်တယ်လို့ ပြောပါတယ်။​ ဟာမတ်စ်တို့ရဲ့ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုကို အမေရိကန်က ရှုတ်ချတဲ့တချိန်ထဲမှာပဲ အစ္စရေးဖက်က တန်ပြန်တိုက်ခိုက်မှုမှာ အရပ်သားတွေထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

အီရန်နိုင်ငံက အရပ်သားတွေ၊ အထူးသဖြင့် အမျိုးသမီးတွေကို ဖိနှိပ်နေတာဟာ လူ့အခွင့်အရေးကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ဒါ့အပြင် တာလီဘန်အုပ်ချုပ်မှုအောက် အာဖဂန်နစ္စတန် အမျိုးသမီးတွေရဲ့အခွင့်အရေး၊ တရုတ်နိုင်ငံထဲကအီဂါမွတ်ဆလင်တွေအပေါ် အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ကျူးဘားက နိုင်ငံရေးအကျဥ်းသားတွေအပေါ် မတရားဆက်ဆံမှု စတဲ့ စိုးရိမ်စရာလူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အလားတူပဲ ကင်ညာ၊ ဂျပန်၊ အက်စတိုးနီးယားနဲ့ဆလိုဗေးနီးယား နိုင်ငံတွင်းက လိင်တူချစ်သူ LGBTQ+ တို့ရဲ့ လူ့အခွင့်အရေး တိုးတက်မှုနဲ့ ဂျော်ဒန်နိုင်ငံက မသန်စွမ်းတို့ရဲ့ အခွင့်အရေး စတဲ့ တိုးတက်မှုတွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG