Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lop Buri မှာဖမ်းခံရတဲ့ အထောက်အထားမဲ့မြန်မာကလေး ၁၉ ဦး ပြန်ပို့မည်မဟုတ် 


 ဝပ်အဝမ်စရုံဘုန်းကြီးကျောင်းက အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား အထောက်အထားမဲ့ မြန်မာကလေးတွေကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနက ခေါ်ဆောင်သွားစဥ်။ (မတ်လ ၁၂၊ ၂၀၂၄/ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့)
ဝပ်အဝမ်စရုံဘုန်းကြီးကျောင်းက အသက် ၅ နှစ်ကနေ ၁၇ နှစ်ကြား အထောက်အထားမဲ့ မြန်မာကလေးတွေကို ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနက ခေါ်ဆောင်သွားစဥ်။ (မတ်လ ၁၂၊ ၂၀၂၄/ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့)

ထိုင်းနိုင်ငံ လော့ဘူရီ (Lop Buri) ခရိုင် ဘန်မိုအရပ် ဝပ်အဝမ်စရုံဘုန်းကြီးကျောင်းကနေ မတ်လအစောပိုင်းကတည်းက ခေါ်ဆောင်သွားခဲ့တဲ့ အသက် ၅ နှစ်ကနေ ၁၇ ကြား အထောက်အထားမဲ့ မြန်မာကလေး ၁၉ ဦးကို နေရပ်ပြန်မပို့ပါဘူး-လို ထိုင်း လူသားလုံခြုံရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဒီကလေးတွေကို ထိုင်းနိုင်ငံရဲ့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနက နေရပ်ပြန်ပို့မှာစိုးရိမ်တာကြောင့် တက်ကြွလှုပ်ရှားသူတွေက ထိုင်းအစိုးရကိုဝေဖန်ခဲ့တာကြောင့် ဝန်ကြီးက အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ လော့ဘူရီ (Lop Buri) ခရိုင် ဘန်မိုအရပ် ဝပ်အဝမ်စရုံဘုန်းကြီးကျောင်းကနေ ခေါ်ယူထိန်းသိမ်းသွားခဲ့ပြီး ဘန့်ခရူနမ့် ဖောင်ဒေးရှင်းမှာထားတဲ့ ၅ နှစ်နဲ့ ၁၇ နှစ်ကြား မြန်မာကလေး ၁၉ ယောက်ကို မြန်မာဘက်ပြန်မပို့ပါဘူးလို့ လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။ အခုလိုပြောဆိုတာကတော့ နိုင်ငံမဲ့တွေ၊ ကလေးသူငယ်တွေအရေးလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက အစိုးရကို ဝေဖန်ခဲ့တာကြောင့်ဖြစ်ပါတယ်။ မတ်လ ၁၂ ရက်နေ့က လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားလုံခြုံရေးဝန်ကြီးဌာနတာဝန်ရှိသူတွေဟာ ဘုန်းကြီးကျောင်းကနေ ခေါ်ဆောင်သွားခဲ့တာပါ။ ကလေးသူငယ်တွေဟာ ဘုန်းတော်ကြီးကျောင်းမှာ သာသနာ့ဘောင်ဝင်နေကြတာဖြစ်ပြီး ကလေးတွေကို အထောက်အထားမရှိဘူးဆိုပြီး ခေါ်သွားခဲ့တာဖြစ်ပါတယ်။ ဒီအရေးနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံက နိုင်ငံမဲ့နဲ့ကလေးသူငယ်တွေအခွင့်ရေးလှုပ်ရှားသူ (Advisor to the Committee on Children, Youth, Women, Older Persons, Persons with Disabilities, Ethnic Groups, and LGBTs, House of Representatives) Mr.Surapong Kongchantuk က ထိုင်းဘာသာနဲ့ အခုလိုပြောသွားပါတယ်။

"အခုလိုလာပြီး ကလေးသူငယ်တွေကို သွားရောက်စစ်ဆေးပြီး ပြန်ပို့မလို့လုပ်တာဟာ ကလေးသူငယ်တွေရဲ့အခွင့်ရေးကို ချိုးဖောက်တာဖြစ်ပါတယ်။ ကလေးသူငယ်တွေ ပညာသင်ကြားနေတာကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကလည်း နေရပ် ပြန်ပို့လို့မရပါဘူး။ ဖမ်းလို့မရပါဘူး။"

ထိုင်းအစိုးရက ကလေးတွေကို လွတ်ဘူရီက ဘန့်ခရူနမ့် ဖောင်ဒေးရှင်းမှာထားပြီးတဲ့နောက် ချင်းရိုင်က ဂေဟာတခုကိုပို့ခဲ့ပါတယ်။ ဒီလိုအလားတူ ဖြစ်ရပ်မျိုးကို Ang Thong Province ခရိုင်အတွင်းမှာဖြစ်ခဲ့ဖူးပါတယ်။ Thairath Wittaya 6 School (ထိုင်းရပ် ဝပ်ထရာ အမှတ် ၆ ကျောင်း) မှာ ပညာသင်ကြားနေတဲ့ မြန်မာကလေး ၁၂၆ ယောက် ပြီးခဲ့တဲ့ ၂၀၂၃ ဇူလိုင်လက အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးပြီး အထောက်အထားမရှိ လို့ ချင်းရိုင်ခရိုင်ကို ပြန်ပို့ခဲ့တာတွေရှိခဲ့တယ်လို့လည်း ထိုင်းတောင်ပိုင်းပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးကလည်းအခုလိုပြောပါတယ်။

"မြန်မာကလေး ၁၀၀ ကျော်ကို ကျောင်းကိုစစ်ဆေးချိန်မှာတွေ့တယ်လေ။ ကလေးတွေက အထောက်အထားမဲ့ကလေးတွေလေ။ အထောက်အထားမဲ့ကလေးတွေကို ဂေဟာကိုပို့ပြီးနောက်ပိုင်းမှာ ကလေးမိဘတွေကိုလာခေါ်ဖို့ပြောတယ်။ ပြီးတော့ နယ်စပ်ပြန်ပို့ခဲ့တယ်လေ။ ဒါကို တက်ကြွလှုပ်ရှားသူတွေ၊ ကလေးသူငယ်အခွင့်ရေးလှုပ်ရှားသူတွေက ဒါမျိုးလုပ်မှာစိုးရိမ်တယ်။ ဒါကြောင့် သူတို့ (ထိုင်းအစိုးရ) က ဒါမျိုးမလုပ်ပါဘူးလို့ပြောတာပါ။"

လူမှုဖွံ့ဖြိုးတိုးတက်ရေးနဲ့လူသားလုံခြုံရေးဝန်ကြီးဌာနရဲ့ဝန်ကြီး Varawut Silpa-archa (ဗာရာဝပ် စီလပါအာချာ) ကတော့ မြန်မာပြည်ကိုပြန်ပို့မှာမဟုတ်ဘူးလို့ အင်္ဂါနေ့ကထိုင်းဘာသာစကားနဲ့ သတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်အသံ(၃)

ဒီကလေးငယ်တွေရဲ့ ဘဝနေထိုင်ရေးအတွက် ဝန်ကြီးဌာနမှာ အပြည့်အဝတာဝန်ရှိတာကြောင့် ကလေးငယ်တွေကို မြန်မာနိုင်ငံပြန်ပို့ဖို့ တွန်းအားပေးလုပ်ဆောင်လို့မရဘူးလို့ပြောဆိုသွားပါတယ်။

ဒါပေမယ့် အန်ထောင်းခရိုင်မှာတုန်းကတော့ ကလေးသူငယ်နဲ့ လူ့အခွင့်ရေးလှုပ်ရှားသူတွေ နိုင်ငံတကာသံရုံးတွေက မြန်မာပြည်တွင်းမှာ စစ်ဖြစ်နေတာကြောင့် ပြန်မပို့ဖို့ မေတ္တာရပ်ခံတောင်းဆိုနေတဲ့ကြားကပဲ ကလေးတွေကို ချင်းရိုင်က ဂေဟာတခုမှာထားပြီး အသုတ်လိုက်ခဲ့ပြီး ပြန်ပို့ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် တက်ကြွလှုပ်ရှားသူတွေကတော့ ကလေးတိုင်း ထိုင်းနိုင်ငံမှာပညာသင်ကြားနိုင်တဲ့အခွင့်ရေးရှိတယ်ဆိုတာကို မကြာခဏ သတိပေးခဲ့ပြီး ကလေးသူငယ်အခွင့်ရေးချိုးဖောက်တဲ့ဖြစ်ရပ်မျိုး မဖြစ်ဖို့အတွက်လည်း ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။

Forum

XS
SM
MD
LG