အပြည်ပြည်ဆိုင်ရာ စံတော်ချိန် ၂၃၃၀ ၊ မြန်မာစံတော်ချိန် နံနက် ၆ နာရီကနေ ၇ နာရီထိ (၁) နာရီကြာ ထုတ်လွှင့်နေတဲ့ ဒီ ရေဒီယိုအစီအစဉ်မှာ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ သတင်းနဲ့ သတင်းဆောင်းပါးတွေ သီတင်းပတ်စဉ်ကဏ္ဍတွေကို နားဆင်နိုင်ပါတယ်။
စစ်ကောင်စီကမ်းလှမ်းတဲ့ဆွေးနွေးပွဲ KIO မတက်၊ ဟားခါးမြို့နယ်တွင်း သုံးရက်ဆက်တိုက်ပွဲဖြစ်နေ၊ ပင်လယ်ကမ်းခြေမှာ အိဒ်ပွဲဆင်နွှဲသူ ရိုဟင်ဂျာ ၄၅၀ကျော်ဖမ်းဆီးခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေထုတ်လွှင့်တင်ဆက်ပေးပါမယ်။