Radio
၀၆:၀၀ - ၀၇:၀၀
သြဂုတ် ၃၀၊ ၂၀၂၂ ဗွီအိုအေ မြန်မာနံနက်ခင်း
ရုရှားသိမ်းပိုက်နယ်မြေတချို့ကို ယူကရိန်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်၊ အင်ဒို-ပစိဖိတ်ဒေသမှာ အမေရိကန်စစ်တပ် မောင်းသူမဲ့ သင်္ဘောတွေသုံးမည်၊ အမေရိကန်ဒေါ်လာ ထိုင်းဘတ်ငွေနဲ့ လဲလှယ်ရာမှာ မြန်မာငွေ ဆက်လက်တန်ဘိုးကျ၊ စတဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေ နားဆင်ရှုစားရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ညပိုင်း ၉း၀၀-၁၀း၀၀ သြဂုတ် ၃၀ ၊ ၂၀၂၂
စစ်ကိုင်းတိုင်းနဲ့ ကယားပြည်နယ်က တိုက်ပွဲအခြေအနေတွေ၊ ထိုင်းနိုင်ငံ မဲဆောက်မြို့က မြန်မာတွေနေတဲ့ ကွန်ဒိုတိုက်ခန်း ဝင်စီးခံခဲ့ရတာနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး အကြောင်းသိကောင်းစရာ၊ ISP Myanmar ရဲ့ မြင်ကွင်းကျယ်မှတ်စုနဲ့ ကမ္ဘာတလွှား ခရီးသွားအစီအစဉ်တို့ကို နားဆင်ကြရမှာပါ။