Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်မှုထမ်းဥပဒေအောက် လူအများစိတ်ဒဏ်ရာ


စစ်မှုထမ်းဥပဒေအောက် လူအများစိတ်ဒဏ်ရာ
please wait

No media source currently available

0:00 0:07:01 0:00

ဒီပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာအပြီး စိတ်ဒဏ်ရာခံစားရနိုင်တာအတွက် ဘယ်လို လက္ခဏာတွေကို သိထာပြီး၊ ဘယ်ပုံ စကိုင်တွယ်သင့်ပါလဲ။လူအများအပေါ် အတင်းဖိနှိပ်တဲ့ဥပဒေကရတဲ့ ဒီစိတ်ဒဏ်ရာဟာ အရင်ကိုဗစ်ဖြစ်ချိန်စိတ်ဒဏ်အပေါ် ထပ်ဆင့်သွားစေတယ်လို့ ထောက်ပြကြပါတယ်။

စစ်မှုထမ်းဥပဒေအောက် လူအများစိတ်ဒဏ်ရာ

မတ် ၇၊ ၂၀၂၄ ။ ဒီပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာအပြီး စိတ်ဒဏ်ရာခံစားရနိုင်တာအတွက် ဘယ်လို လက္ခဏာတွေကို သိထာပြီး၊ ဘယ်ပုံ စကိုင်တွယ်သင့်ပါလဲ။

မကြာခင်က ဒီပြည်သူ့စစ်မှုထမ်းဥပဒေထွက်လာအပြီး၊ လူ့အသိုင်းအဝိုင်းထဲမှာ စိတ်ဒဏ်ရာသဘော ထပ်ဆင့်ခံစားလိုက်ရတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။

လူအများအပေါ် အတင်းဖိနှိပ်တဲ့ဥပဒေကရတဲ့ ဒီစိတ်ဒဏ်ရာဟာ အရင်ကိုဗစ်ဖြစ်ချိန်စိတ်ဒဏ်အပေါ် ထပ်ဆင့်သွားစေတယ်လို့ ထောက်ပြကြပါတယ်။ ပထမ ကိုဗစ်ဖြစ်ချိန် အောက်ဆီဂျင်မရတာကြောင့် အမျိုးမိတ်ဆွေတွေသေဆုံးခဲ့ရတာ၊ နောက် အာဏာသိမ်းချိန် ပစ်ခတ်ဖမ်းဆီးတာနဲ့၊ အခု စစ်ထဲအတင်းဝင်ခိုင်းပြန်တာကြောင့် စိတ်ဒဏ်ရာထပ်ဆင့်ကြီးမားလာနိုင်တယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးပါတယ်။ အကြောင်းက စိတ်ဒဏ်ရာတွေ တကြိမ်ပြီးတကြိမ်ဆက်ခံရပြီး၊ စိတ်ကျန်းမာရေး အခြေအနေ ချောက်ကမ်းဘားထဲထိုးကျသွားတဲ့ (Downhill) သဘောကြောင့်လို့လည်း ဒီကျန်းမာရေး ပညာရှင်တွေက ရှင်းပြကြပါတယ်။

အခုလို စိတ်ဒဏ်ရာထပ်ဆင့်ဖြစ်လာတာကြောင့် စိတ်ဖိစီးမူကနေတဆင့် စိတ်ရောဂါအဆင့်ဆင့် ဆက်ဖြစ်သွားနိုင်ပါတယ်။ ပထမ စိတ်ဖိစီးမူ (Stress) ဖြစ်ချိန် စိတ်ပူပန်တဲ့လက္ခဏာတွေကတော့ ရင်တုန်ပန်းတုန်ဖြစ်တာ၊ စိတ်သောကဖြစ်တာ၊ တအုံနွေးနွေးခံစားရတာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာသလိုဖြစ်တာ၊ အိပ်ရေးပျက်တာ၊ မစားနိုင်မသောက်နိုင်ဖြစ်တာတွေပါ။ ဒီကတဆင့် အချိန်တစ်ခုအတွင်းမှာ သောကရောဂါ (Anxiety Disorder) ဖြစ်လာနိုင်ပြီး၊ နောက်တဆင့်မှာတော့ စိတ်ဓာတ်ကျရောဂါ (Depression)၊ Post-Traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဒဏ်ရာကြီးနဲ့ ပူပင်ထိပ်လန့်ရာဂါ (Panic Anxiety Disorder) ဖြစ်ကာ ရူးသွတ်တာ၊ ကိုယ့်ကိုယ်ကိုသတ်သေတာတွေအထိ ဖြစ်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

အခုလို စိတ်ဒဏ်ရာကြောင့် စိတ်ဖိစီးမူကြီးပြီး စိတ်ရောဂါအဆင့်ဆင့် ဆိုးလာနိုင်တာအတွက်တော့ ကာကွယ်တဲ့ကုထုံးရှိပါတယ်။ ပထမဆုံး အထောက်အကူပြုနိုင်တာကတော့ ဖြစ်လာတဲ့ ပြဿနာအတွက် ရုတ်တရက်ဆုံးဖြတ်လိုက်တာမျိုးမဟုတ်ဘဲ၊ စုံထောက်ကြီး ရှားလော့ဟုမ်း မှုခင်းပြဿနာအဖြေရှာသလို အချိန်တချို.ယူပြီး အကြိမ်ကြိမ် ခေါင်းအေးအေးထား စဉ်းစားဖို့ပါ။ အခုလို အဖြေရှာချည်းကပ်တာမှာ စိတ်ကျန်းမာရေးပညာမှာ အသုံးများလာတဲ့ ပြဿနာဖြေရှင်းနည်းကုထုံး (Problem-Solving Therapy) ကို အသုံးပြုသင့်ပါတယ်။ အကြောင်းက ဒီ ကုထုံးက လက်တွေ့ကျပြီး လူတိုင်းလုပ်နိုင်ကာ ထိရောက်နိုင်လို့ပါ။

ဒီပြဿနာဖြေရှင်းနည်းကုထုံးမှာ အဆင့် (၄) ဆင့်ရှိပါတယ်။ ပထမကတော့ ပြဿနာကို နားလည်အောင်လုပ်တာ (Identify the Problem) ပါ။ အဓိကကတော့ ပြဿနာရဲ့ အသေးစိတ် အချက်အလက်တွေကို အပြည့်အဝ အသေအချာ နားလည်အောင်လုပ်ယူတာပါ။ ဥပမာ စစ်မှုထမ်းဥပဒေပြဿနာမှာ ပါတဲ့အချက်တွေက မိမိနဲ့ ဘယ်လို ညိနေတာကို သေချာအောင်လေ့လာတာပါ။ နောက်တဆင့်ကတော့ ကိုယ်ဖြစ်ချင်တဲ့ပန်းတိုင် (Goal/Target) ကိုသတ်မှတ်တာပါ။ ဒီ ဥပဒေအတွက်ဆိုလျှင်တော့ လွတ်နိုင်မဲ့ပန်းတိုင်မျိုးရှာတာပါ။ အဆင့် (၃) ကတော့ ရွေးချယ်စရာနည်းလမ်းတွေရှာတာ (Options) နဲ့ အဆင့် (၄) က လက်တွေ့လုပ်ဆောင်တာ (Action) ဖြစ်ပြီး၊ နောက်တပတ် ဆက်ပြောရအောင်ပါ။

ဒီအကြောင်း ဩစတျေးလျနိုင်ငံ၊ Central Queensland ဆေးရုံက စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီး Dr. သက်ဌေးကို ကိုဝင်းမင်းက မေးထားပါတယ်။

Forum

XS
SM
MD
LG