Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေပူလာချိန် အပူရှပ်တာ ပြုစုကူညီရေး


Climate Even Hotter
Climate Even Hotter

ပိုပူလာနိုင်တဲ့ အခုနွေရာသီမှာ၊ အပူရှပ်အဖျားကြီးလာခဲ့လျှင် ပိုပြင်းထန်တဲ့ အဆင့်မရောက်အောင် ရှေးဦးသူနာပြုစုပေးဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးအကြံပြုကြပါတယ်။

အပူရှပ်ပြီး ကိုယ်အပူချိန် ရုတ်တက်ရက် တက်လာလျှင် ချက်ချင်း အပူချိန်ပြန်ကျသွားအောင် အရေးပေါ် ရှေးဦးသူနာပြုစုဖို့ ရေပတ်တိုက်ပေးသင့်ပါတယ်။ ရေအေးဆွတ်အဝတ်နဲ့ နဖူးနဲ့မျက်နှာအပြင်၊ လည်ပင်း၊ ရင်ဘတ်၊ ဂျိုင်း၊ ပေါင်ခြံစတဲ့ တကိုယ်လုံးကို ရေပတ်တိုက်ရမှာ ဖြစ်ပြီး၊ လိုအပ်လျှင် ရေအေးနဲ့ပါ လောင်းချပေးသင့်ပါတယ်။ တကယ်လို့ ချက်ချင်းအပူပြန်ကျအောင် မလုပ်ပေးနိုင်လျှင် အပူကြီး၊ သွေးပေါင်ချိန် သိပ်ကျတာကြောင့် ကယောင်ကတမ်းဖြစ်တာ၊ တက်တာ၊ သတိလစ်တာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ အခုလိုအဆင့်မှာတော့ ရေတိုက်ဖို့ အန္တရာယ်ရှိပြီး အရေးပေါ်အဆင့် အမြန်ဆုံး ဆေးရုံ၊ ဆေးခန်း ပို့သင့်ပါတယ်။ သွေးကြောကနေ ရေနဲ့ဆားဓတ် အမြန်ပြန်ဖြည့်ပေးတာနဲ့၊ အောက်ဆီဂျင်ပါပေးဖို့ လိုလာနိုင်လို့ပါ။

ဒီနေရာမှာ တချို့စစ်ရှောင်ဒေသအပါအဝင် အရိပ်မဲ့တဲ့ လွင်တီးခေါင်ပြင်မှာ နေထိုင်နေရလျှင်တော့ ဒီအပူရှပ်အန္တရာယ် ပိုကြီးပါတယ်။ စစ်ရှောင်တချို့က လယ်ကွင်းနဲ့ မြစ်ကမ်းဘေး သဲသောင်ပြင်မျိုး တောတောင်နည်းတဲ့ နေရာတွေမှာ ယာယီတဲထိုးနေရတာကြောင့်၊ ဒီအပူဒဏ် တိုက်ရိုက်ခံရပြီး အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ အရိပ်မဲ့ချိန် အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ဆားဓာတ် ဆုံးရှုံးရတာအတွက် ရေဓာတ်အများကြီး ပြန်ဖြည့်ပေးဖို့လိုပါတယ်။ ဒါကြောင့် အဖွဲ့အစည်းအားလုံးအနေနဲ့ ရှေးဦးသူနာပြုစုနည်းတွေ ကြိုတင်ပညာပေးထားတာအပြင်၊ စစချင်းထဲက အပူဒဏ် ပိုခံနိုင်ဖို့၊ နွေရာသီ ရေခမ်းရှားပါးပြီး အရိပ်မဲ့ချိန်၊ ပိုသောက်ဖို့ လိုလာနိုင်တဲ့ သောက်ရေသန့် ပို ကူညီပေးသင့်ပါတယ်။

ဒါ့အပြင် ဒီနှစ်က သဘာဝပတ်ဝန်းကျင် ပြုန်းတီးမှု ပိုများလာတာကြောင့် ရေအရင်းအမြှစ် ပိုနည်းလာချိန်၊ လိုအပ်တဲ့ စစ်ရှောင်က ပိုများလာနေပါတယ်။ အရင် သဘာဝပတ်ဝန်းကျင် တောတောင်ထဲ ကြွယ်ဝခဲ့တဲ့ ရေအရင်းအမြှစ်တွေက အခုတော့ ပိုပိုပြီးခမ်းခြောက်၊ ဆုံးရှုံးလာနေတာ တွေ့ရှိထားပါတယ်။ အခုလိုအချိန်မှာ သောက်သုံးရေလိုအပ်တဲ့ လူအရေအတွက်က တနှစ်ထက် တနှစ် ပိုများလာတာအပြင်၊ ဒီနှစ်မှာက ပြည်တွင်းစစ် ပိုကျယ်ပြန့်လာတာကြောင့် စစ်ရှောင်တွေပါ ရုတ်တရက် နေရာအနှံ့ သန်းချီအထိများလာတာမို့ ရေလိုအပ်မှုက ပိုကြီးလာနေပါတယ်။ ဒါကြောင့် သက်ဆိုင်ရာဒေသက အဖွဲ့အစည်းတွေအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းအနေနဲ့ပါ သောက်ရေအပြင်၊ သုံးရေးကိုပါ ကူညီလှုဒါန်းပေးသင့်ပါတယ်။

ဒီအကြောင်း ပိုမိုသိရှိနိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါတွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအိကလျာမိုး ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG