Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေကာလ အဖြစ်များတဲ့ အရေပြားပြဿနာ


ပွေး၊ ဝဲ၊ ညှင်း အရေပြားရောဂါ
ပွေး၊ ဝဲ၊ ညှင်း အရေပြားရောဂါ

နွေကာလထဲ ပူပြင်း၊ ရေရှားတာကြောင့် တကိုယ်ရည်သန့်ရှင်းမှု အားနည်းစေပြီး အရေပြားပြဿနာတွေ ဖြစ်ဖို့ပိုများစေတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။

နွေရာသီ ပူလာချိန် ရေရှားပါးလာတာကြောင့် တကိုယ်ရည်သန့်ရှင်းရေးအတွက် သုံးရေချိုးရေပါ မလုံလောက်တာကြောင့် အရေပြားပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။်ပူအိုက်ပြီး ချွေးထွက်များကာ အရေးပြား စွတ်စို ညစ်ပတ်လာတာကြောင့် မှိုစွဲတာနဲ့ ယားယံတဲ့အနာတွေ ဖြစ်လွယ်ပါတယ်။ ပွေး၊ ဝဲ၊ ညှင်းတွေဖြစ်တာအပြင် ယားယံပြီး ကုတ်မိတာကြောင့် အရေပြာပွန်းပဲ့ ပိုးဝင်ကာ မွှေးကျွတ်နာ၊ သွေးဆူနာတွေလည်း ဖြစ်လေ့ရှိပါတယ်။ တချိန်ထဲမှာ အရေပြားနေလောင်တာ၊ မိတ်တွေထွက်ကာ အနီစက်တွေ ပေါ်လာတာနဲ့ ခရမ်းလွန်ရောင်ခြည် မြင့်မားတာကြောင့် နောက်ပိုင်းမှာ အရေပြားကင်ဆာအထိပါ ဖြစ်လာစေနိုင်ပါတယ်။

ဒီအရေပြားပြဿနာတွေကနေ ကာကွယ်ဖို့အတွက်တော့ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်လုပ်ပေးဖို့ လိုပါတယ်။ ဆပ်ပြာသုံးပြီး ရေပုံမှန်ချိုးတာ၊ ပူလွန်းချိန်မှာ မလိုအပ်ဘဲ နေပူထဲ မထွက်တာ၊ နေပူထဲ မဖြစ်မနေ ထွက်ရလျှင်လည်း ထီးဆောင်းတာ၊ လေဝင်လေထွက်ကောင်း ချွေးခြောက်လွယ်တဲ့ ချည်သား ချောင်ချောင်ချိချိနဲ့ အပူစုပ်တာနည်းတဲ့ အရောင်ဖျော့ဖျော့တွေ ဝတ်တာ၊ နေပူခံအဆီ (Sun Screen) လူးတာ (ခရမ်းလွန်ရောင်ခြည်အမှတ် ၃၀ နဲ့ အထက် လိမ်းသင့်)၊ တတ်နိုင်လျှင် နေကာမျက်မှန် တပ်တာတွေ လုပ်ပေးနိုင်ပါတယ်။ နေပူခံအဆီ မရနိုင်လျှင် သနပ်ခါးလည်း လူးနိုင်ပါတယ်။

ပွေး၊ ဝဲ၊ ညှင်း အရေပြားရောဂါတွေအတွက်တော့ ကုသမှုခံယူသင့်ပါတယ်။ ဒီရောဂါတွေက သက်ဆိုင်ရာ ဆေးဝါးတွေ သုံးစွဲခြင်းဖြင့် အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ ဒီအရေပြားရောဂါတွေက ကိုယ်ရေးကိုယ်တာ (Personality) ထိခိုက်ပြီး လူမှုရေးပြဿနာပါ ဖြစ်လာနိုင်တာမို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ပြပြီး စောစောကုသမှု ခံယူသင့်ပါတယ်။ ကျေးလက်နဲ့ တောတောင်ထဲမှာ ကျွမ်းကျင်တဲ့ ဆရာဝန် အတူးကုတွေ မရှိလျှင်လည်း၊ ကျွမ်းကျင်တဲ့ ကျမ်းမာရေးဝန်ထမ်းတွေနဲ့ ပြသတိုင်ပင်ကုသမှု ခံယူသင့်ပါတယ်။

ဒီ‌အကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက မြန်မာနိုင်ငံထဲ နိုင်ငံတကာဖွံဖြိုးရေးအဖွဲ့တွေနဲ့ ကျန်းမာရေးပညာပေးပါ တွဲလုပ်ခဲ့တဲ့ အထွေထွေရောဂါကုဆရာဝန် ဒေါက်တာအိကလျာမိုး ကို မေးထားပါတယ်။

Forum

XS
SM
MD
LG