Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ညောင်လေးပင် ကျောက်ကြီး ရွာသားတချို့ စစ်ကောင်စီဖမ်းဆီး  ( ဒေသခံများ) 


 ကျောက်ကြီးမြို့နယ်ထဲမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ ( Photo: KNU)
ကျောက်ကြီးမြို့နယ်ထဲမှာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ ( Photo: KNU)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ ရှိ ကလေးတွေ အအပါအဝင် ရွာသား၃၃ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ညောင်လေးပင် ကျောက်ကြီး ရွာသားတချို့ စစ်ကောင်စီဖမ်းဆီး ( ဒေသခံများ)

{{Zawgyi/Unicode}}
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် မုန်းဒေသ ရှိ ကလေးတွေ အအပါအဝင် ရွာသား၃၃ယောက်ကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ပါတယ်။ အဲဒီဒေသမှာပဲ ပြီးခဲ့တဲ့ရက်က ကျေးရွာသား၂၅ဦးကို ကျပ်ငွေ သိန်း၁၅၀ နဲ့အတူ ဖမ်းဆီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ပဲခူးတိုင်း၊ ကျောက်ကြီးမြိုနယ် မုန်းဒေသရှိ ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ(၃) ထိန်းချုပ်ရာနယ်မြေ တပ်ကုန်းကျေးရွာက ကလေးတွေ အအပါအဝင် ရွာသား၃၃ယောက်ကို သြဂုတ်လ ၄ရက်နေ့ကနေ ၆ ရက်နေ့အတွင်း စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က သတင်းထုတ်ပြန်ခဲ့ပါတယ်။ တပ်ကုန်းကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

" ကျောက်ကြီးမြိုနယ် မုန်းဒေသအပိုင် တပ်ကုန်းကျေးရွာဆိုတာ ကရင်လူမျိုးတွေ အများဆုံးနေတဲ့ရွာပါ။ စစ်တပ်က ၄ရက်နေ့ကစပြီး ဒေသခံ ၃၃ ဦးကို ဖမ်းပြီး အဲဒီထဲမှာ ၃နှစ်ကလေးနဲ့ ၅နှစ်အရွယ်ပါတယ်။ သူတို့ကို ဖမ်းပြီး ထွက်မပြေးနဲ့ ထွက်ပြေးရင် ပစ်သတ်မယ်ဆိုပြီး ရွာထဲက အိမ်တအိမ်မှာထားတာပေါ့"

တပ်ကုန်းကျေးရွာသားတွေ ဖမ်းဆီးခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ KNU က သတင်းထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ ပတ်သက်လို့ ထုတ်ပြန်တာမရှိသေးပါဘူး ။

ပြီးခဲ့တဲ့ သြဂုတ်လ၄ရက်နေ့ကလည်း ကျောက်ကြီးမြိုနယ်ထဲက ကွမ်းခြံလုပ်ငန်း လုပ်ကိုင်တဲ့ ဒေသခံတွေ ဖမ်းဆီးခံရတယ်လို့ဆိုပါတယ် ။ စစ်တပ်ရဲ့ စခန်းတခု မီးရှို့ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ကျောက်ကြီးမြို့နယ်ထဲမှာ ဧည့်စာရင်းစစ်ပြီး ကွမ်းခြံလုပ်ငန်းလုပ်ကိုင်သူတွေ ဖမ်းဆီးခံရတာဖြစ်ကြောင်း၊ ကွမ်းသီးသွားရောင်းတဲ့ မီးတိုင်တောကျေးရွာ၊ ကျောင်းစုကျေးရွာ၊ ကော့ပြင်းကျေးရွာသားတွေထံကနေ ကျပ်ငွေ စုစုပေါင်းသိန်း၁၅၀လောက် ယူသွားပြီး ၃ရက်အကြာ လူ၂၄ယောက်ကို ပြန်လွှတ်ပေးလိုက်ပေမယ့် ကော့ပြင်းရွာသား ကွမ်းခြံပိုင်ရှင် NLD အလုပ်အမူဆောင်တဦးကိုတော့ အခုချိန်ထိ ဖမ်းဆီးထားတယ်ဆိုပြီး ဒေသခံကဆက်ပြောပြပါတယ် ။

" မီးတိုင်တောအုပ်စု ၊ မုန်းဒေသပေါ့ အဲဒီမှာလည်း အရပ်သား၂၅ယောက်ကို စစ်တပ်က ဖမ်းပြီး အဲဒီမှာ ဖမ်းပြီး ပိုက်ဆံက သိန်း၁၅၀လောက် စုစုပေါင်းပါသွားတယ်။ ၄ရက်မြောက်နေ့ကျတော့ ပြန်လွတ်ပေးပြီး အားလုံးထဲက ကျောက်ကြီး မြိုနယ် NLD က ကိုကျော်ဆန်းကိုတော့ ပြန်မလွှတ်ပေးဘူး။ သူကိုဖမ်းထားသေးတယ်။ မြှောင်ဦးစခန်းကို မီးရှို့တယ်ဆိုတော့ မြှောင်းဦးကလူတွေရော ကော့ပြင်းရွာက လူတွေကော မုန်းကို ထွက်ပြေးကြတယ် ။ ညနေ ၅နာရီထိုးမှာပေါ့ ။ အဲဒီမှာ သူကလည်း ကွမ်းသီးလာရောင်းရင်းနဲ့ ရွာကိုမပြန်ချင်သေးတော့ သူကိုလည်း မုန်းမှာအိပ်တယ်။ အဲဒီမှာ ဧည့်စာရင်းလာ စစ်တယ်ဆိုပြီး စစ်တပ်ကဝင်လာပြီး အဲဒီမှာရှိတဲ့လူ၂၅ယောက်ကိုဖမ်းသွားတယ်။ ကွမ်းသီးရောင်းထားကြတဲ့ငွေ စုစုပေါင်းသိန်း၁၅၀လောက်ပါသွားကြတယ် "

ကရင်အမျိုးသားအစည်းအရုံး ထိမ်းချုပ်ရာ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေလည်း ထိတွေ့ တိုက်ပွဲတွေရှိနေသလို စစ်ကောင်စီတပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်မူတွေရှိနေတာပါ။ ဒါအပြင် စစ်ကောင်စီတပ်တွေက ကရင်ကျေးရွာသားတွေကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်တာတေ ွ နေအိမ်တွေကို မီးရှို့ တ ာတွေ ရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ် ။ ဒီအတွက် အဲဒီ ကျောက်ကြီးမြို့နယ်ထဲက ဒေသခံ သောင်းဂဏန်းလောက်ဟာ တောတောင်တွေထဲ ထွက်ပြေးပုန်းအောင်း နေကြရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

...........................................................


{{Zawgyi/Unicode}}







XS
SM
MD
LG