Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သင်္ဘော တရုတ်တိုက်ခိုက်မှု ဖိလစ်ပိုင်သမ္မတ ကန့်ကွက်ရှုတ်ချ


ASI-GEN MAR DE CHINA MERIDIONAL
ASI-GEN MAR DE CHINA MERIDIONAL

တောင်တရုတ်ပင်လယ်မှာ ဖိလစ်ပိုင်သင်္ဘောတစင်းကို တရုတ်ကတိုက်ခိုက်တာဟာ အန္တရာယ်ကြီးမားလှတယ်လို့ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ကဆိုလိုက်ပြီး ပြန်လည် တုံ့ပြန်မယ်လို့လည်း ကြာသပတေးနေ့က ပြောပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်တွေက ဖိလစ်ပိုင်သင်္ဘောကို စနေနေ့က ရေပိုက်တွေနဲ့ပက်ခဲ့တာကို ရည်ညွှန်းပြီး ဒါဟာ တရားမဝင်၊ အင်အားသုံး၊ ရန်စ အန္တရာယ်ကြီးမားလှတဲ့ တိုက်ခိုက်မှုအဖြစ် မာကို့စ် ဂျူနီယာက လူမှုစာမျက်နှာ X မှာ ရေးခဲ့ပါတယ်။ နှစ်နိုင်ငံ သူပိုင် ကိုယ်ပိုင် အငြင်းပွါးနေတဲ့နေရာမှာ ခု ဖြစ်ရပ် ဖြစ်ခဲ့တာပါ။

အမေရိကန်က တရုတ်ကမ်းခြေစောင့်တပ်ရဲ့လုပ်ရပ်ကို ရှုတ်ချလိုက်ပြီး ဖိလစ်ပိုင်နဲ့ချုပ်ဆိုခဲ့တဲ့ ၁၉၅၁ နှစ်နိုင်ငံ ကာကွယ်ရေးစာချုပ်ကို ရည်ညွှန်းလိုက်ပါတယ်။

ရန်စမှုဟာ အကောင်းထက်အဆိုးဖြစ်စေမယ်ဆိုတာ ဖိလစ်ပိုင်အနေနဲ့သိဖို့လိုပြီး နိုင်ငံခြား ထောက်ခံမှုကလည်း ဘာမှအရာရောက်မှာမဟုတ်ဘူးလို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူကျင်းက ကြာသပတေးနေ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG