Radio
၀၆:၀၀ - ၀၆:၅၉
နံနက်ပိုင်း ၆:၀၀-၇:၀၀ နာရီ
ယူကရိန်း နျူကလီးယားစက်ရုံအနီး စစ်မဲ့ဇုန် သတ်မှတ်ဖို့ IAEA တောင်းဆို၊ လှေစီးပြေး ရိုဟင်ဂျာ ၅၀ ကျော် ထိုင်းရေလုပ်သားတွေ ကယ်တင် စတဲ့ သတင်းနဲ့ သတင်းဆောင်းပါးတွေအပြင်၊ဆိုရှယ်မီဒီယာပေါ်ကလူကြည့်များသတင်း၊ အမေရိကန်နိုင်ငံရေး၊ISP မြင်ကွင်းကျယ်မှတ်စု၊ ကမ္ဘာတလွှားခရီးသွား အစီအစဉ်တွေကိုနားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
၂၁:၀၀ - ၂၁:၅၉
ညပိုင်း ၉း၀၀-၁၀း၀၀ စက်တင်ဘာ ၇ ၊ ၂၀၂၂
ရုရှားသမ္မတနဲ့ တွေ့ဆုံခဲ့တဲ့ စစ်ကောင်စီဥက္ကဋ္ဌက ရှေ့နှစ်မှာ စီစဉ်ထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပမည်လို့ပြော၊ တနှစ်ပြည့် ပြည်သူ့ခုခံတော်လှန်စစ်နဲ့ NUG အနာဂတ်တော်လှန်ရေးအလားအလာ၊ ငွေကြေးမသမာမှုလုပ်ဆောင်ချက်နဲ့ မြန်မာနိုင်ငံကို အမည်မည်းစာရင်းသွင်းဖို့စီစဉ်နေ စတာတွေနဲ့အတူ အပတ်စဉ်ကဏ္ဍတွေကို တင်ဆက်သွားမှာပါ။