TV
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၈-၂၀၂၀)
- အမေရိကန်သမ္မတ Donald Trump ကိုတရားစွဲဆိုရေး အထက်လွှတ်တော် ကြားနာမှုတွေမှာ သမ္မတရဲ့ ဥပဒေအကျိုးဆောင်အဖွဲ့ဘက်က အပြီးသတ်လျှောက်လဲမှာပါ။ - တကမ္ဘာလုံးကို ပြန့်နှံ့လာနေတဲ့ Coranavirus စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကိုရောက်နေတဲ့ နိုင်ငံသားတွေကို ခေါ်ထုတ်ဖို့ အမေရိကန်၊ ဂျပန်နဲ့ အခြားနိုင်ငံတွေက လေယာဉ်တွေ စေလွှတ်နေကြပါတယ်။ - ဘတ်စ်ကက်ဘော အကျော်အမော် Kobe Bryant သေဆုံးခဲ့တဲ့ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ဟာ တောင်စောင်းနဲ့ တိုက်မိတာလို့ စုံစမ်းစစ်ဆေးသူတွေကပြောပါတယ်။