TV
ဗွီအိုအေ မြန်မာပိုင်း စနေနေ့ နံနက်ခင်း ( အောက်တိုဘာ ၁၆)
အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပြုဖို့ အီးယူနဲ့ အမေရိကန်တို့က တိုက်တွန်းတဲ့ သတင်းတွေ မြန်မာစစ်ကောင်စီနဲ့ ဆက်နွယ်သူတွေကို ထိပ်သီးအစည်းဝေး တက်ခွင့်မပေးဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်နဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ ကုလသမဂ္ဂ ကော်မတီတွေမှာ တင်ပြချက်တွေအပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုရုံးတင်စစ်ဆေးနေတဲ့ နောက်ဆုံး အခြေနေတွေ၊ အမျိုးသမီးကဏ္ဍ၊ သုတစုံလင်အမေရိကန်တခွင်နဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍတွေကို တင်ပြပေးဖို့ရှိပါတယ်။
ဗွီအိုအေ တပတ်အတွင်းသတင်း ( အောက်တိုဘာ ၁၆၊ ၂၀၂၁)
အာဆီယံထိပ်သီးအစည်းအဝေး စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ကြား၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေ မီဒီယာနဲ့ အပြင်ကို ပြောဆိုခွင့်တားခံရ၊ အမေရိကန်ပြည်ထောင်စု အစိုးရ အကြွေးယူနိုင်တဲ့ ပမာဏ ရေတိုတိုးမြှင့်၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူများ ရန်ပုံငွေ တကိုယ်တော် ဖျော်ဖြေသူ ဆောင်းဦးလှိုင်နှင့် မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ အောက်တိုဘာ ၁၆ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၁၆၊၂၀၂၁
အာဆီယံထိပ်သီးမှာ မြန်မာစစ်ကောင်စီခေါင်းဆောင်မဖိတ်ဘူးလို့ အာဆီယံဥက္ကဌထုတ်ပြန်၊ ဖမ်းဆီးခံကန်သတင်းထောက်ကို MyanmarNowနဲ့ အမှုတွဲစွဲတင်၊ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုလျှော့ချရေး နည်းပညာသစ်များ.. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံအစီအစဉ်၊ ဒီမိုကရေ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ စနေည ဆွေးနွေးခန်းတွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။