TV
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (ဒီဇင်ဘာလ ၁ ရက်)
ဗွီအိုအေ မြန်မာပိုင်း ဗုဒ္ဓဟူးနံနက်ခင်း (ဒီဇင်ဘာလ ၁ ရက်) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့အပေါ် အဂတိလိုက်စားမှုနဲ့ နောက်ထပ်တရားစွဲလိုက်တဲ့ သတင်းအပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ဒီပဲယင်း စစ်ဆင်ရေးအတွင်း မီးလောင်ဖျက်ဆီးခံရမှုတွေရှိနေတဲ့အခြေအနေ၊ စစ်အာဏာသိမ်း ၁၀ လအကြာ ဒုက္ခသည်ပြဿနာ ဆိုးရွားလာ နေတာ စတာတွေနဲ့အတူ အင်္ဂါနေ့ည ဆွေးနွေးခန်း၊ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ တို့ကို တင်ဆက်မှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၀၁-၂၀၂၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ယူကရိန်းနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သီးခြားစီဆွေးနွေးဖို့ ရှိ၊ အာဖဂန်နစ္စတန် ရဲ့ ပိုင်ဆိုင်မှုတွေ လွှဲပြောင်းခွင့် နဲ့ ပိတ်ဆို့အရေးယူထားတာတွေ ကို လွှတ်ပေးဖို့ တာလီဘန်တွေ က အမေရိကန် ကို တောင်းဆို၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ်တစီး ဌားရမ်း၊ ဝယ်ယူ၊ အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ထပ်မံတရားစွဲ
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၁၊၂၀၂၁
မြန်မာ ကုလကိုယ်စားပြုမှု အဖြေထုတ်မည်၊ “မြန်မာမြို့ပြမှာ ဆင်းရဲမွဲတေမှုသုံးဆတိုးလာနိုင်” ကုလစစ်တမ်း၊ အာဂျင်တီနားတရားရုံးစစ်မယ့် ရိုဟင်ဂျာအမှု နိုင်ငံရေးဖိအားဟု စစ်ကောင်စီရှုမြင်၊ မြန်မာအပါ အရှေ့တောင်အာရှနိုင်ငံတချို့ ရုရှားရေတပ်နဲ့ စစ်ရေးလေ့ကျင့် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ အပတ်စဉ်သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ဖို့ရှိပါတယ်။