TV
ဗွီအိုအေ မြန်မာနံနက်ခင်း တနင်္လာနေ့ နံနက်ခင်း (ဒီဇင်ဘာ ၂၇)
ကယားပြည်နယ်မှာ အရပ်သားတွေအတိုက်ခိုက်ခံရတာအတွက် ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်တာ အပါအဝင် မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ စစ်အာဏာသိမ်း ဆူဒန်နိုင်ငံရေးအခြေအနေ တင်ပြထားတဲ့ ကမ္ဘာ-မြန်မာ မီဒီယာမြင်ကွင်း၊ သတင်းတွေထဲကသုတ အပတ်စဉ်ကဏ္ဍတွေအပြင် နှစ်သစ်ကူးကာလ ကိုဗစ်ကူးစက်မှုကြားက ခရီးသွားလုပ်ငန်းအကြောင်းနဲ့ ၂၀၂၁ ခုနှစ်အတွင်း ဟောလီးဝုဒ်ရုပ်ရှင်လောက အခြေအနေတွေ စုစည်းတင်ပြ ထားတဲ့ အထူးအစဉ်တွေကို ရှု့စား၊ နားဆင်ကြရဖို့ရှိပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၂၇-၂၀၂၁)
ကယားပြည်နယ်မှာ အရပ်သားတွေ သေဆုံးခဲ့ရတဲ့ကိစ္စ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူနိုင်အောင် ဖိအားပေးသွားမယ့်အကြောင်း အမေရိကန်သံရုံး ထုတ်ပြန်၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ အရှိန်မြင့် ဆက် ဖြစ်နေတဲ့အပေါ် အထူးစိုးရိမ်ကြောင်း ကုလ အထူးကိုယ်စားလှယ် Noeleen Hayzer ထုတ်ပြန်...စတဲ့ နောက်ဆုံးရ သတင်းတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၂၇၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု အမိန့်ချရက်ထပ်မံရွှေ့ဆိုင်း၊ ကရင်နဲ့အခြားနေရာကအကြမ်းဖက်မှုတွေအတွက် စိုးရိမ်ကြောင်း ကုလကိုယ်စားလှယ်ထုတ်ပြန်၊ ကရင်ပြည်နယ် လေးကေ့ကော်တဝိုက်တိုက်ပွဲများဆက်ဖြစ်နေ စတဲ့သတင်းတွေနဲ့ အပတ်စဉ်အစီအစဉ်တွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေးနဲ့ ဘလော်ဂါတွေပြောသမျှတို့ကို ထုတ်လွှင့်ပေးပါမယ်။