TV
၂၀၂၁ ဒီဇင်ဘာ(၃၀) ဗွီအိုအေ မနက်ခင်း
ကြာသပတေးနေ့ မနက် ဒီအစီအစဉ်မှာတော့ ကယားပြည်နယ်မှာ လူအစုအပြုံလိုက်သတ်ဖြတ်မှု လုံခြုံရေးကောင်စီ ရှုတ်ချ၊ မကွေးတိုင်း စစ်ဘေးရှောင်တဲတချို့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီး၊ လှေစီးပြေး ရိုဟင်ဂျာဒုက္ခသည် ၁၀၀ ကျော်ကို အင်ဒိုနီးရှား လက်ခံဖို့ဆုံးဖြတ် ၊ ကန်ကာကွယ်ရေးအသုံးစရိတ် ဥပဒေ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ခြေ စတဲ့သတင်းပေးပို့ချက်တွေနဲ့အတူ နှစ်ကုန် မြန်မာ့အရေးသုံးသပ်ချက်၊ လူထုကျန်းမာရေးအပတ်စဉ်ကဏ္ဍတွေ နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၃၀-၂၀၂၁)
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နဲ့ ရုရှားသမ္မတ ပူတင်တို့ ဒီကနေ့ တယ်လီဖုန်းကတဆင့် ယူကရိန်းအရေး ဆွေးနွေးမည်။ ကယားပြည်နယ်မှာ ခရစ္စမတ်အကြိုနေ့က လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ကိစ္စ လုံခြုံရေးကောင်စီ ရှုတ်ချ၊ မြန်မာကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်တာအပြင် တခြား ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်ဖို့ အသင့်ရှိနေကြောင်း အီးယူထုတ်ပြန် စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။
ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်
ဒီဇင်ဘာ ၃၀ - စစ်ကောင်စီကို လက်နက်ခဲယမ်းရောင်းချမှု ပိတ်ပင်အရေးယူဖို့ ထောက်ခံမယ်လို့ EU ကပြောလိုက်တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ လေးကေ့ကော်မှာ စစ်ကောင်စီတပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲဆက်ရှိနေပြီး နှစ်ဘက်လုံးမှာ ဖမ်းဆီးခံရသူတွေ ရှိ၊ ချောင်းဦးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ ဒေါက်တာအောင်မိုးညို အဂတိမှုနဲ့ ထောင် ၁၈ နှစ် ချမှတ်ခံရ၊ ထင်ရှားတဲ့ အနုပညာရှင်တွေ ထောင်ချခံရ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ။