TV
ဗွီအိုအေ မြန်မာနံနက်ခင်း အင်္ဂါနေ့ (ဇန်နဝါရီ ၄ ရက်)
ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ မြန်မာပြည်သူတွေ လွတ်လပ်ပျော်ရွှင်မှု ဘယ်လောက်ရှိပါသလဲ၊ဆိုတဲ့ သတင်းနဲ့အတူ ချင်းပြည်နယ်ထဲက တိုက်ပွဲတွေ၊ အင်းစိန်ထောင်တွင်း လက်ရှိအခြေနေတွေနဲ့ အတူ ရွှေ့ပြောင်း မြန်မာအလုပ်သမားအများအပြားရှိတဲ့ ထိုင်းနိုင်ငံက ကိုဗစ်ကူးစက်မှုတွေ အပြင် ထိပ်တန်းရောက် မြန်မာနဲ့နိုင်ငံတကာ သတင်းတွေနဲ့ သက်တံ့ရောင်သတင်းလွှာ၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှစတဲ့ အစီအစဉ်တွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၀၄-၂၀၂၁)
အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်သွားနိုင်ဖို့ မြန်မာ့လွတ်လပ်ရေးနေ့မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်း၊ ကယားပြည်နယ်အတွင်း အရပ်သားတွေ အသတ်ခံခဲ့ရတဲ့ကိစ္စ နိုင်ငံတကာက အရေးယူဖို့ လူသားခြင်းစာနာမှု အဖွဲ့ ၁၄ ဖွဲ့ တိုက်တွန်း၊ အမေရိကားမှာ တနင်္လာနေ့က တရက်ထဲ ကိုဗစ်-၁၉ ကူးစက်သူ ၁ သန်းကျော် စတဲ့ နောက်ဆုံးရ သတင်းတွေ ပါဝင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၎၊ ၂၀၂၁
၇၄နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ နေပြည်တော်အခမ်းအနားကျင်းပ၊ ပြည်တွင်းပရဟိတလုပ်ငန်းများ အခက်အခဲမျိုးစုံရင်ဆိုင်နေရ၊ ဒီးမော့ဆိုတိုက်ပွဲကြောင့် ဒေသခံတွေလုံခြုံရေးအပြင်ဆေးဝါးရိက္ခာခက်ခဲ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။