TV
ဗွီအိုအေ မြန်မာ ဗုဒ္ဓဟူးနံနက်ခင်း (ဇန်နဝါရီ ၁၂ ရက်)
ဒေါ်စုအပေါ်ထောင်ဒဏ်စီရင်ချက် နိုင်ငံရေးကနေ ဘေးဖယ်ဖို့ ကြိုးပမ်းမှုအဖြစ် EU ဝေဖန်လိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ကြိုဆိုသူမရှိတဲ့ အင်တာနက် အခွန် တိုးမြှင်မှု၊ ကယားပြည်နယ်က တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ပစ်ခတ်တဲ့ အခြေအနေ၊ အိုမီခရွန်ကူးစက်မှု ထိုင်းရောက်မြန်မာတွေစိုးရိမ်နေကြတဲ့အကြောင်း သတင်းပေးပို့ချက်၊ အင်္ဂါညဆွေးနွေးခန်း၊ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးအကြောင်း သိကောင်းစရာ စတဲ့ အပတ်စဉ် ကဏ္ဍတွေကိုကြည့်ရှုနားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၁၂-၂၀၂၂)
ရုရှား-ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှု လျှော့ချရေး NATO အဖွဲ့နဲ့ ရုရှား ဒီကနေ့ ဆွေးနွေး၊ အသံထက် ၅ ဆ မြန်တဲ့ ဒုံးကျည် အောင်အောင်မြင်မြင် စမ်းသပ်နိုင်တဲ့အကြောင်း မြောက်ကိုရီးယား ကြေညာ၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သေဆုံးသွားပြီလို့ ICG အဖွဲ့ သုံးသပ် စတဲ့ နောက်ဆုံးရ သတင်းတွေ ပါဝင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၂၊၂၀၂၂။
ဆယ်စုနှစ်တခုကြာ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆုံးသတ်သွားပြီလို့ ICG ထောက်ပြ၊ ချင်းပြည်နယ် ဖလမ်းမှာ ချင်းကာကွယ်ရေးအဖွဲ့နဲ့ စစ်ကောင်စီအကြားတိုက်ပွဲဖြစ်၊ KNU ဖာပွန်ခရိုင်တွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။