Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

၂၀၂၂ ဇန္နဝါရီ ၂၀ ရက်နေ့ VOA မနက်ခင်းအစီအစဉ်

ကြာသပတေးနေ့ မနက် အစီအစဉ်မှာတော့ ယူကရိန်းအရေး ဘယ်လို ကိုင်တွယ်သင့်လဲဆိုတာနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ VOA တို့ သီးသန့် မေးမြန်းချက်၊ မြန်မာ့ ငြိမ်းချမ်း-လုံခြုံရေးအတွက် အမျိုးသမီးရေးလှုပ်ရှားသူတွေ နယူးယောက်မှာ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့၊ ရခိုင်ဝန်ကြီးချုပ်တာဝန် ယူခဲ့တဲ့ ဦးညီပုကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချမှတ်၊ မကွေးတိုင်း စန်းမြို့ရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ မီးရှို့ဖျက်ဆီး...စတဲ့ သတင်းပေးပို့ချက်တွေ တင်ပြထားပါတယ်။ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထု ကျန်းမာရေးနဲ့ တပတ်အတွင်း အားကစားသတင်း အပတ်စဉ်ကဏ္ဍတွေကိုလည်း နားဆင်ရမှာပါ။

၂၁:၀၀ - ၂၁:၅၉

ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့် အစီအစဉ်

ဇန်နဝါရီ ၂၀ - လွိုင်ကော်တိုက်ပွဲကြောင့် ဝန်ကြီးချုပ်ဟွန်ဆန်ခရီးစဉ်ရဲ့ တိုးတက်မှု ထိခိုက်ရတယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေး ဌာနက ပြောလိုက်တဲ့သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ အိုင်စီဂျေမှာ မြန်မာနိုင်ငံကိုယ်စားပြု ခုခံ ချေပခွင့်ရဖို့ NUG နဲ့ စစ်ကောင်စီတို့ အပြိုင်တင်သွင်းထား၊ သထုံဘက်မှာ ရဲစခန်းဝင်ပစ်သူတွေနဲ့ စစ်တပ် ထိပ်တိုက်တိုးပြီး ပစ်ခတ်လို့ တဦးသေဆုံး တဦးဖမ်းခံရ၊ မင်းတပ်မှာ ကိုယ်ထူကိုယ်ထ ပညာသင်ကြားနေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ၅ ဦးအမှု တရားလိုတဦးထွက်ဆို။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေး၊ တိုင်းရင်းသတင်းလွှာ။

XS
SM
MD
LG