TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၃၀၊ ၂၀၂၂။
စစ်ကောင်စီဟာ ပြည်သူကို ရန်သူလို ဆက်ဆံနေတယ်လို့ ပြောဆိုလိုက်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာ့ လူ့အခွင့်အရေး ဆိုင်ရာ အထူးကိုယ်စားလှယ် Thomas Andrews က ဗွီအိုအေနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းကနေ ကောက်နုတ်တင်ပြချက်၊ ဒို့အသံ၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇန်နဝါရီ ၃၀၊ ၂၀၂၂)
ကင်ဆာရောဂါကာကွယ်ရေး အသိပညာပေး လုပ်ဆောင်မှု လူထုနဲ့ကျန်းမာရေး၊ ပြင်သစ်က တရုတ်မီးပုံးပွဲတော်ကို သွားမယ့် ကမ္ဘာတလွှားခရီးသွား၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ ဒါအပါအဝင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၃၀ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၃၀၊၂၀၂၂။
အင်တာနက်အသုံးပြုမှုထပ်မံကန့်သတ်ဖို့ မြန်မာစစ်ကောင်စီပြင်ဆင်၊ တာလတ်ပစ်ပဲ့ထိန်းဒုံး မြောက်ကိုရီယားထပ်မံစမ်းသပ်ပစ်ခတ်၊ အီရန်နူးကလီယားရေးဆွေးနွေးမှုအရှိန်မြှင့်ဖို့ ပြင်သစ်သမ္မတတိုက်တွန်း.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။