TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၉၊ ၂၀၂၂။
ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်က ထွက်ပေါ်လာတဲ့ ရလဒ်၊ အပတ်စဉ် ဒို့အသံ အစီအစဉ်၊ တရုတ်ရဲ့ ဒီမိုကရေစီ ဆိုတာကို သုံးသပ်ထားတဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင် ကမ္ဘာ အစီအစဉ်၊ တပတ် အတွင်း မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းမှုတို့ကို ထုတ်လွှင့်ပေးမှာပါ။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇန်နဝါရီ ၉၊ ၂၀၂၂)
ကျောက်ကပ်ကို ဒုက္ခမပေးတဲ့ ဆီးချိုဆေးအကြောင်း လူထုနဲ့ ကျန်းမာရေး၊ တိုက်တန်းနစ် သင်္ဘောကြီးပေါ်က ခရီးသည်တွေရဲ့ ပစ္စည်းများ ကမ္ဘာတလွှားခရီးသွား၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ ကနူးလှေငယ်လေးနဲ့ သမုဒ္ဒရာဖြတ်ကူးသူ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၉ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၉၊၂၀၂၂။
ကန်ပက်လက်အခြေစိုက် စစ်ကောင်စီတပ်တွင်း ပစ်ခတ်မှု အရာရှိသုံးဦးသေဆုံး၊ မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် ဒုက္ခသည်တချို့ ထိုင်းနိုင်ငံထဲခိုလှုံ၊ အိန္ဒိယမှာ တရက်တည်း ရောဂါပိုးကူးစက်သူတသိန်းခွဲနီးပါးရှိ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတ၊ ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။