Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း ဖေဖေါ်ဝါရီလ (၁) ရက်

ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်း ဖေဖေါ်ဝါရီလ (၁) ရက် စစ်အာသိမ်းခံထားရတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်နေကြောင်း ကုလအတွင်းရေးမှူးချုပ်က ပြောကြားလိုက်တဲ့ သတင်းနဲ့အတူ စစ်အာဏာသိမ်းမှု တနှစ်ပြည့်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အထူးအစီအစဉ်တွေကို ဒီကနေ့ တင်ဆက်မှာပါ။ လွဲ ချော်သွားတဲ့ ဒီမိုကရေစီလမ်းကြောင်း ပြန်လည်တည့်မတ်နိုင်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးထားတဲ့ အစီအစဉ်မှာ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ KNU အတွင်းရေးမှူး ဖဒိုစောတာဒိုမှူး တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

၂၁:၀၀ - ၂၁:၅၉

ဗွီအိုအေ အင်္ဂါည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်

ဖေဖော်ဝါရီ ၁ - အာဏာသိမ်း တနှစ်ပြည့် နိုင်ငံတဝန်း အသံတိတ်သပိတ် မှောက်ခဲ့ကြ တဲ့ သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ရန်ကုန်၊ နေပြည်တော်၊ မြစ်ကြီးနား၊ ရခိုင် စတဲ့ဒေသတွေက အသံတိတ်သပိတ် အခြေအနေများ၊ ဒေသတချို့မှာ အသံတိတ် သပိတ်ချိန်မတိုင်ခင် လမ်းပေါ်ထွက် ဆန္ဒပြ ပွဲတွေရှိခဲ့၊ တာချီလိတ်မှာ စစ်ကောင်စီထောက်ခံပွဲ လုပ်နေချိန် ဗုံးကွဲ၊ ကချင်နဲ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေဖြစ်။ အာဏာသိမ်း တနှစ်ပြည့် အထူးအစီအစဉ် - ဦးကျော်ဇံသာ ဆွေးနွေးခန်း - မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး ဘာတွေ လုပ်ဆောင်နိုင်သလဲ …

XS
SM
MD
LG