TV
၂ဝ၂၂ ဇန္နဝါရီလ ၂၉ ရက် VOA မနက်ခင်းအစီအစဉ်
မြန်မာစစ်တပ်က အကြမ်းဖက်နေတာတွေ ရပ်တန့်ဖို့  ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက တိုက်တွန်းလိုက်တဲ့သတင်း၊ မြန်မာနိုင်ငံပြိုလဲတော့မယ့် အန္တရာယ်ရှိနေကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဥက္ကဌက သတိပေးလိုက်တဲ့သတင်း၊ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်တဲ့ ကုမ္ပဏီတွေ အကြပ်အတည်းနဲ့ ကြုံတွေလာဖွယ်ရှိကြောင်း ပညာရှင်တချို့က ပြောကြားလိုက်တဲ့သတင်းတွေနဲ့အတူ သီတင်းပတ်စဉ်အနေနဲ့ - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ စတာတွေကိုလည်း နားဆင်ကြည့်ရှုကြရမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း (ဇန်နဝါရီ ၂၉၊ ၂၀၂၂)
မြန်မာနိုင်ငံ အသွားအလာသတိပေးချက် အမေရိကန်သံရုံးထုတ်ပြန်၊ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးတွေ မြန်မာက ထွက်၊ ယူကရိန်း၊ ရုရှားတင်းမာမှု ဆက်ဆိုးရွားနေ၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အာဏာသိမ်း တနှစ်ပြည့်ချိန် နေ့စဉ်လူမှုဘဝ အခြေအနေများ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဇန်နဝါရီ ၂၉ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၂၉၊၂၀၂၂။
မြန်မာပြည်တွင်းစစ်ဖြစ်မလာရေး လုံခြုံရေးကောင်စီအဓိကထားသင့် ကုလတရုတ်သံအမတ်ကြီးတိုက်တွန်း၊မြန်မာလူသားချင်းစာနာမှုအကူအညီကိစ္စ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများစည်းဝေးမည်၊ ရေနံယိုစိမ့်လို့ ထိုင်းအရှေ့ခြမ်းကမ်းခြေတခု ကပ်ဘေးဒေသကြေညာ. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ဒို့အသံ၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာနဲ့ ကမ္ဘာသတင်းအနှစ်ချုပ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။