TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၁၀၊ ၂၀၂၂။
ချင်းပြည်နယ် ကန်ပက်လက်က စစ်တပ် စခန်းတွင်း အချင်းချင်း ပစ်ခတ်မှုကြောင့် စစ်တပ် အရာရှိ ၃ ဦး သေဆုံးခဲ့တဲ့အကြောင်း၊ စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ်ကြောင့် ကရင်ပြည်နယ် ဒေသခံတချို့ ဒဏ်ရာရခဲ့တဲ့ အခြေအနေ၊ ကမ္ဘာတလွှား ဒုက္ခသည်များဆိုင်ရာ သတင်းဆောင်းပါးတွေနဲ့ အတူ ကမ္ဘာ မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို တင်ပြပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၁၀-၂၀၂၂)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေထဲက ၃ မှု အတွက် ထောင်ဒဏ် ၄ နှစ် ချမှတ်၊ လွိုင်ကော်မြို့မှာ မြန်မာစစ်တပ်က တိုက်ခိုက်နေတာတွေ ရပ်ဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Tom Andrews တောင်းဆို၊ ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှား ထိပ်တန်း တာဝန်ရှိသူတွေ ဒီနေ့ ဂျနီဗာမှာ စတင်တွေ့ဆုံ ဆွေးနွေး… စတဲ့ ထိပ်တန်းရောက် သတင်းတွေ ပါဝင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၀၊၂၀၂၂။
လွိုင်ကော်မြို့ ပိတ်ဆို့တိုက်ခိုက်မှုရပ်တန့်ဖို့ ကုလကိုယ်စားလှယ်တောင်းဆို၊ မြန်မာပဋိပက္ခဒုက္ခသည်တွေအတွက် ကန်ဒေါ်လာ၃.၈သန်း ဒိန်းမတ်နိုင်ငံကူညီ၊ ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ထောင်ဒဏ်လေးနှစ်ချမှတ် စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။