TV
၁၉:၀၀ - ၁၉:၂၉
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၁၉-၂၀၂၂)
ရုရှား-ယူကရိန်း နယ်စပ်တလျှောက် တင်းမာမှုလျှော့ချရေး ကြိုးပမ်းချက်တွေဟာ သံတမန်ရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်း မှာ ဆက်ရှိနေနိုင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မျှော်လင့်၊ အမေရိကန် သမ္မတ Joe Biden တနှစ်ပြည့် သတင်းစာရှင်းလင်းဖို့ရှိ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် လူမှုထောက်ကူပြု ကဏ္ဍအသီးသီးမှာလုပ်ခဲ့တဲ့ အမျိုးသမီးတွေ ရိုက်နှက်ခံရ၊ ဖမ်းဆီးခံခဲ့ကြရတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Michelle Bachelet ပြော
၂၁:၀၀ - ၂၁:၅၉
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၉၊၂၀၂၂။
မြန်မာအမျိုးသမီးရေး ကုလမဟာမင်းကြီး လုံခြုံရေးကောင်စီမှာပြောဆို၊ ICJ မြန်မာအမှု ဖေဖေဝါရီလကုန်ကြားနာမည်၊ ကယားတိုက်ပွဲ လေကြောင်းဗုံးကြဲမှုကြောင့် ဒုက္ခသည်တွေထိခိုက်သေဆုံး စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။