TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်န၀ါရီလ ၁၇၊ ၂၀၂၂။
မြန်မာ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် မရှိလို့ မဖြစ်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်တဲ့ သတင်းအပါအဝင် ထိပ်တန်းရောက် မြန်မာနဲ့ ကမ္ဘာ့သတင်းတွေ၊ အာရှဒေသ အထည်ချုပ်လုပ်ငန်းတွေအခြေနေနဲ့ ကိုဗစ်ဆေးသစ်တွေ အကြောင်း သတင်းဆောင်းပါးတွေ အပြင် ကမ္ဘာ-မြန်မာ မီဒီယာမြင်ကွင်း၊ သတင်းတွေထဲကသုတ ၊ ထူးခြားဆန်းပြားသတင်များ နဲ့ မြန်မာပြည်က ပေးစာ အပတ်စဉ်ကဏ္ဍ တွကို ရှု့စား၊ နားဆင်ကြရဖို့ရှိပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၁၇-၂၀၂၂)
Texas ပြည်နယ် ဂျုးဘုရားကျောင်း တခုမှာ စနေနေ့က ပြန်ပေးဆွဲမှုနဲ့ ဆက်နွယ်ပြီး လူ ၂ ယောက်ကို ဖမ်းဆီး၊ မြောက်ကိုရီးယား ပြုံရမ်း လေဆိပ်ကနေ တာတိုပစ် ပဲ့ထိန်း ဒုံးကျည် နှစ်စင်း ပစ်ခတ်ခဲ့ပုံ ရတယ်လို့ တောင်ကိုရီးယား စစ်တပ် ထုတ်ပြန်၊ ကုလ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer နဲ့ ထိုင်း ဝန်ကြီးချုပ်တို့ မြန်မာ့အရေး တွေ့ဆုံ ဆွေးနွေး စတဲ့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၇၊၂၀၂၂။
ကုလ မြန်မာအထူးကိုယ်စားလှယ်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ၊ နှစ်ရှည်ထောင်ဒဏ်ကျခံနိုင်ငံရေးအကျဉ်းသားတွေကို နယ်ထောင်ပြောင်း၊ Omicron ကိုဗစ်မျိုးကွဲ မြန်မာ ပြည်တွင်းကူးစက်မှုရှိနေ.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာတွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။