TV
၂ဝ၂၂ ဇန်နဝါရီ (၂၁) ဗွီအိုအေ မြန်မာနံနက်ခင်း
သောကြာနေ့ မနက်ခင်း အသံလွှင့်အစီအစဉ်ထဲမှာ- စစ်ကောင်စီကပြောတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်အမြင်များ၊ ICJ ရာဇဝတ်မှု ခုံရုံးမှာမြန်မာပြည်က လူမျိုးတုံးသတ်ဖြတ်မှု ပြန်လည်ကြားနာမဲသတင်း၊ အပတ်စဉ်ကဏ္ဍတွေကတော့ ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးနဲ့ တိုင်းရင်းသတင်းလွှာ စတာတွေကို နားသောတဆင် ကြည့်ရှုရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၁-၂၀၂၂)
မြန်မာနိုင်ငံကနေ ပြန်ရုပ်သိမ်းမယ့် အကြောင်း ပြင်သစ် စွမ်းအင်ကုမ္ပဏီ TOTAL နဲ့ အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့ကြေညာ၊ ရုရှားနဲ့ တရုတ်နိုင်ငံ တွေဟာကမ္ဘာတဝန်းက အာဏာရှင်နိုင်ငံတွေနဲ့ ပေါင်းပြီး ဒီမိုကရေစီ စနစ် မတည်မငြိမ် ဖြစ်အောင်လုပ်၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ဟာ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တွေ့
ဗွီအိုအေ သောကြာည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ဇန်နဝါရီ ၂၁ - TOTAL နဲ့ Chevron ရေနံကုမ္ပဏီကြီးတွေ မြန်မာနိုင်ငံက ထွက်တော့မယ်ဆိုတဲ့ သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ လူမျိုးစုအဖွဲ့သုံးဖွဲ့ရဲ့ နိုင်ငံတကာကို တောင်းဆိုချက်၊ လွိုင်ကော်ဘက် ဒီကနေ့တိုက်ပွဲ နောက်ဆုံးအခြေအနေ၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးတလျှောက် ကျေးရွာသားတွေ ကြုံတွေ့ရတဲ့ဒုက္ခ၊ ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တရားခွင်အခြေအနေ။ သီတင်းပတ်စဉ် - အမျိုးသမီးကဏ္ဍ၊ သုတစုံလင် အမေရိကန်တခွင်၊ သိပ္ပံနဲ့နည်းပညာ။