TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၂၆၊ ၂၀၂၂။
မြန်မာ့ အရေး အာဆီယံရဲ့ အခန်းကဏ္ဍ၊ စစ်ကိုင်းတိုင်း မင်းကင်းနယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်တဲ့ အကြောင်း၊ စစ်အာဏာသိမ်း ၁ နှစ်ပြည့် အသံတိတ် ဆန္ဒပြရင် အရေးယူမယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်တဲ့ အကြောင်း၊ မုံရွာ အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေ စတဲ့ သတင်းဆောင်းပါးတွေနဲ့ အမေရိကန် နိုင်ငံရေးအကြောင်း သိကောင်းစရာ၊ ကမ္ဘာတလွှား ခရီးသွား၊ အင်္ဂါ ညချမ်းဆွေးနွေးခန်းတို့ကို ဒီမနက်ခင်းမှာ နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၂၆-၂၀၂၂)
၂၀၂၂ ခုနှစ် ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ၁% ပဲ ရှိမယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံ၊ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေး အနိမ့်ဆုံး အဆင့် လိုအပ်ချက်ကို ပြည့်မီအောင် စွမ်းဆောင်ဖို့ ပျက်ကွက်တဲ့ စာရင်းမှာ ဆက်ရှိနေ၊ ရုရှား က စစ်အင်အား အလုံးအရင်း နဲ့ ယူကရိန်း ကို ဝင်တိုက်ခဲ့ရင်၊ လက်ရှိ ကမ္ဘာ့ အနေအထားတွေ က ပြောင်းလဲသွားနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုး ဘိုင်ဒင် သတိပေး
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၂၆၊၂၀၂၂။
စစ်ပွဲတွေရပ်ထားဖို့ တရုတ်တိုက်တွန်းချက် KIA အလေးထားစဉ်းစား၊ အာဆီယံကိုယ်စားလှယ်လာခွင့်ပေးဖို့ ကမ္ဘောဒီယားဝန်ကြီးချုပ် မြန်မာစစ်ခေါင်းဆောင်ကိုတိုက်တွန်း၊ မြန်မာ့စီးပွားရေး ဆိုးဆိုးဝါးဝါးအားနည်းသွားမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း.. စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်၊ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။