TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၁၆၊၂၀၂၂။
အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီ ပါဝင်ခွင့် မပေးဖို့ ဆိုတဲ့ စကာင်္ပူရဲ့ သဘောထား၊ ဥရောပ လုံခြုံရေး အမေရိကန်နဲ့ ရုရှားတို့ ဆွေးနွေး၊ ဒီမိုကရေစီနဲ့ လက်နက်ကိုင် တော်လှန်ရေး အဆက်အစပ် ဆွေးနွေးချက်၊ တပတ် အတွင်း ထိပ်တန်းရောက် မြန်မာနဲ့ နိုင်ငံတကာ သတင်းများ စုစည်းချက်တွေကို ဒီမနက်ခင်းမှာ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇန်နဝါရီ ၁၆၊ ၂၀၂၂)
ဆီးချိုရှိ၊ မရှိ သိရှိအောင် လုပ်နိုင်တဲ့နည်း လူထုနဲ့ကျန်းမာရေး၊ ရုရှား အထင်ကရ ပြဇာတ်ရုံကြီး ကမ္ဘာတလွှားခရီးသွား၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာနဲ့ စက်ရုပ်နဲ့ အစားအစာတည်ခင်းတဲ့ တရုတ်အိုလံပစ်၊ ဒါအပါအဝင် ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၁၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၆၊၂၀၂၂
ရန်ကုန် အလုံ ထူး စက်သုံးဆီဆိုင် ပေါက်ကွဲမီးလောင်၊ ကရင်ပြည်နယ် ဖလူးလေးတောင်ခြေအနီး ဒုက္ခသည် ၈၀၀ကျော် နေရပ်ပြန်၊ ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်ခံရသူ ၃၂၆သန်းကျော်ရှိလာ . စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများအစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။