TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၁၈၊ ၂၀၂၂။
ဒီပဲယင်းမှာ စစ်ကောင်စီ တပ်ရဲ့ ထိုးစစ်ကြောင့် ထွက်ပြေးရသူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ကော့ကရိတ်မှာ စစ်ကောင်စီ တပ်တွေနဲ့ တဖက်မှာ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကြားက တိုက်ပွဲ အခြေအနေ၊ ပျောက်ဆုံးနေတဲ့ တအားန်ပါတီ ဥက္ကဌ ဘယ်ရောက်နေသလဲ စတဲ့သတင်းတွေ အပြင် စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ၊ သက်တန့်ရောက် သတင်းလွှာ စတဲ့ အစီအစဉ်တွေကိုလည်း နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၁၈-၂၀၂၂)
ယူကရိန်းနိုင်ငံနဲ့ သွေးစည်းမှုပြဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တချို့ Kyiv မြို့တော်ကို သွားရောက်၊ စစ်မြေပြင်သုံး တာတိုပစ် မစ်ဇိုင်ဒုံးကျည် ၂ စင်း ပစ်လွှတ်ခဲ့ကြောင်း မြောက်ကိုရီးယား အတည်ပြု၊ မြန်မာနိုင်ငံတွင်း အကူအညီပေးရေး အဖွဲ့တွေအတွက် ဘေးအန္တရာယ် မလုံခြုံတော့လို့ လုပ်ငန်းတွေ ရပ်ဆိုင်းထားရကြောင်း ကုလသမဂ္ဂက ပြောကြား…စတဲ့ နောက်ဆုံးရ သတင်းတွေနဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၁၈၊၂၀၂၂။
ကုလ မြန်မာကိုယ်စားလှယ်ကိုပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်းဝန်ကြီးချုပ်ဂတိပေး၊ AA ထိန်းချုပ်ရာ ရခိုင်ဒေသ စစ်ကောင်စီတပ်တွေဝင်လာလို့ ဒေသခံတွေစိုးရိမ်၊ မုံရွာ လယ်ဇင်စံပြကျေးရွာကို စစ်ကောင်စီတပ် စီးနင်းပစ်ခတ် လေးဦးသေဆုံး ..စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွားအစီအစဉ်နဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။