TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၂၈၊ ၂၀၂၁။
ဒေါ်သန်းမြင့်အောင်နဲ့ မင်းသား ပိုင်တံခွန်တို့ကို ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ အကြောင်း ၊ နောက် မန္တလေး ခရိုင်တရားရုံးမှာ တနလာင်္နေ့က ဗုံးပေါက်ခဲ့တဲ့ အကြောင်း၊ နိုင်ငံရေး မတည်ငြိမ်မှုနဲ့ အတူ ကုန်ဈေးနှုန်းတွေတက်ပြီး လုပ်ငန်းတွေလည်း နှောင့်နှေးနေရတဲ့ အကြောင်း စီးပွားရေး ဆိုင်ရာ သတင်းဆောင်းပါတွေနဲ့ အတူ အပတ်စဉ် ကဏ္ဍတွေထဲမှာတော့ စီးပွားရေး၊ ဘလော့ဂါတွေ ပြောသမျှ အစီအစဉ်တို့ကို ထုတ်လွှင့်ပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂- ၂၈- ၂၀၂၁)
မြန်မာ့ဒီမိုကရေစီရေး ဗျူဟာမြောက်ကူညီဖို့ ပြဌာန်းချက် ပါဝင်တဲ့ ကာကွယ်ရေးဆိုင်ရာ ဥပဒေ လက်မှတ်ရေးထိုး အတည်ပြု၊ ဗြိတိန်မှာ ၃ ရက်အတွင်း ကိုဗစ်ကူးစက်သူ ၃၂၀,၀၀၀ ကျော် အထိ ရှိ၊ နျူကလီးယားလက်နက် ထိန်းချုပ်ရေးနဲ့ ယူကရိန်းအရေး တင်းမာမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ရုရှားတို့ ရှေ့လထဲ ဆွေးနွေးဖို့ရှိ... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကားသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၂၈၊၂၀၂၁
မြန်မာ့ဒီမိုကရေစီရေး ဗျူဟာမြောက်ကူညီဖို့ပါဝင်တဲ့ ကန်ကာကွယ်ရေးဆိုင်ရာဥပဒေ အတည်ဖြစ်၊ ဖရူဆိုးမြို့နယ်တွင်း အစုလိုက်သတ်ဖြတ်ခံရမှုထဲ Save the Children ဝန်ထမ်းနှစ်ဦးပါဝင်၊ ကလေးမြို့ နတ်ချောင်းရွာနေအိမ်တချို့ မီးရှို့ခံရ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။