Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၇:၀၀

တနင်္ဂနွေမနက်ခင်း ဗွီအိုအေ ရေဒီယို-ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု

သြဂုတ်လ (၁) ရက်၊ တနင်္ဂနွေ မနက် ၆း၀၀ နာရီ မှ ၇း၀၀ နာရီအထိ ရေဒီယို-ရုပ်သံ အစီအစဉ်မှာတော့ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေအပြင် - ကိုဗစ်ကြောင့် ထင်ရှားတဲ့ ဇိုမီး တိုင်းရင်းသားခေါင်းဆောင် ပူးကျင်ရှင်ထန်နဲ့ လူသိများတဲ့ အထွေထွေရောဂါကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဦး ကွယ်လွန်သွားတဲ့ သတင်းတွေ တင်ဆက်မှာဖြစ်သလို၊ ထိုင်းနိုင်ငံမှာ ကိုဗစ်စည်းကမ်း မလိုက်နာလို့ စက်ရုံတခု အပိတ်ခံရတဲ့အကြောင်းနဲ့ မလေးရှားမှာ ကိုဗစ်ကိုင်တွယ်မှု ညံ့ဖျင်းလို့ ဝန်ကြီးချုပ်ကို ဆန္ဒပြနေတဲ့ သတင်းပေးပို့ချက်တွေ နားဆင်ရပါမယ်။ အပတ်စဉ်ကဏ္ဍအဖြစ် ဒို့အသံ နဲ့ စနေည စကားဝိုင်း အစီအစဉ်ကို ထုတ်လွှင့်သွားပါမယ်။ VOA ကို နားဆင်တဲ့အတွက် ကျေးဇူးပါ။

၂၁:၀၀ - ၂၂:၀၀

VOA ရေဒီယို၉း၀၀-၁၀း၀၀ တိုက်ရိုက်ထုတ်လွှင့်မှု(သြဂုတ် ၁၊ ၂၀၂၁)

ဗွီအိုအေမြန်မာပိုင်းရဲ့ ညပိုင်း မြန်မာစံတော်ချိန် ၉ နာရီမှ ၁၀နာရီအထိ ရေဒီယိုအစီအစဉ်ကို ရေဒီယိုကနေ ထုတ်လွှင့်ချိန်နဲ့ တပြိုင်နက်ထဲမှာပဲ Facebook နဲ့ Youtube ကနေလည်း တိုက်ရိုက် ထုတ်လွှင့်ပေးနေပါတယ်။စစ်ကောင်စီကနေ အိမ်စောင့်အစိုးရဖွဲ့စည်းပြီး အာဏာသိမ်းဗိုလ်ချုပ်မှုးကြီးက ဝန်ကြီးချုပ်အဖြစ်တာဝန်ယူ၊ ကပ်ရောဂါကူးစက်မှုထိန်းချုပ်ရေးအတွက် အများပြည်သူရုံးပိတ်ရက် တပတ်ထပ်တိုး၊ အိမ်စောင့်အစိုးရဖွဲ့စည်းမှုအပေါ် တုန့်ပြန်ချက်တွေကို နားဆင်ရဖို့ရှိပါတယ်။ အပတ်စဉ်ကဏ္ဍတွေမှာတော့ မြန်မာ့အရေးဆွေးနွေးခန်း၊ ဦးစည်သူအောင်မြင့်ရဲ့သတင်းသုံးသပ်ချက်၊ မြန်မာပြည်မှပေးစာများနဲ့ သတင်းထဲကသုတအစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။ VOA ကို နားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG