TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဒီဇင်ဘာလ ၂၉ ရက် ၊ ၂၀၂၁။
မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့မှု တားဆီးဖို့ အမေရိကန်တိုက်တွန်းလိုက်တဲ့သတင်း၊ မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်း အရပ်သား သေဆုံးမှုတွေအပေါ် နိုင်ငံတကာ ဥပဒေတွေရဲ့ သက်ရောက်နိုင်ခြေ၊ မြန်မာနယ်စပ်အနီး အိန္ဒိယနိုင်ငံ မဏီပူပြည်နယ်မှာ ကိုဗစ်ကပ်ရောဂါ ဗီဇပြောင်း Omicronပိုးသစ်တွေ့ရှိတဲ့သတင်းနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာတလွှားခရီးသွား၊ အမေရိကန်နိုင်ငံရေးနဲ့ အင်္ဂါနေ့စကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်ပေးဖို့ရှိပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၁၂-၂၉-၂၀၂၁)
မြန်မာနိုင်ငံတွင်း ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ စစ်တပ်ကို လက်နက်တင်ပို့မှုတွေ တားမြစ်ဖို့ အမေရိကန်က ထပ်မံ တိုက်တွန်း၊ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အိုမီခရွန်ဗိုင်းရပ်စ် အလျင်အမြန် ပျံ့နှံ့၊ ဟောင်ကောင် အွန်လိုင်း မီဒီယာ Stand News သတင်းဌာနကို ဟောင်ကောင် အမျိုးသား လုံခြုံရေး ရဲတပ်ဖွဲ့ဝင် ရာနဲ့ချီ ဝင်ရောက် စီးနင်းဖမ်းဆီး... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကားသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဒီဇင်ဘာ၂၉၊၂၀၂၁
ဖရူဆိုးမြို့နယ်တွင်း အစုလိုက်သတ်ဖြတ်မီးရှို့ခံရမှု UNICEF ရှုတ်ချ၊ မြဝတီခရိုင်တိုက်ပွဲကြောင့် ထိုင်းနိုင်ငံတွင်း စစ်ပြေးဒုက္ခသည်တသောင်းကျော်ရောက်ရှိနေ၊ ကန်ကာကွယ်ရေးအသုံးစရိတ်ဥပဒေပါ မြန်မာပြဌာန်းချက်အပေါ် လေ့လာသူနှစ်ဦးအမြင် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ မြန်မာ့အရေး နှစ်ချုပ်သုံးသပ်ချက်အစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။