TV
ဗွီအိုအေ မြန်မာနံနက်ခင်း ဇန်နဝါရီလ ၃၊ ၂၀၂၂။
နိုင်ငံရေးနဲ့ ကပ်ဘေးရောဂါ အကြပ်အတည်းတွေကြားကနေ ထိုင်းဘက်ကို မြန်မာတွေ တရားမ၀င် ဆက်လက် ၀င်ရောက်လာနေတဲ့ အကြောင်း၊ ကမ္ဘာတလွှား Covid ကပ်ဘေးရောဂါ တိုက်ဖျက်ရေးဟာ ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း ပြောတဲ့ အမေရိကန် သမ္မတ Joe Biden ပြီးခဲ့တဲ့နှစ် အတွင်း ဆောင်ရွက်ချက်၊ အိန္ဒိယရဲ့ ပြီးခဲ့တဲ့ တနှစ်တာတွင်း နိုင်ငံရေး အခြေအနေ၊ ကမ္ဘာ မြန်မာ မီဒီယာမြင်ကွင်း၊ မြန်မာပြည်က ပေးစာ၊ သတင်းတွေထဲက သုတ ၊ ထူးခြားဆန်းပြား သတင်းများ အပတ်စဉ် ကဏ္ဍတွေကို တင်ပြပေးမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၀၃-၂၀၂၂)
Omicron ဗီဇမျိုးကွဲ ကိုဗစ် 19 ကူးစက်မှုတွေနဲ့ ရာသီဥတုကြောင့် ကန် လေယာဉ်ခရီးစဉ်တွေ ထောင်နဲ့ချီ ပယ်ဖျက်၊ ရုရှားနိုင်ငံက ယူကရိန်းကို သိမ်းပိုက်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စုနဲ့ မဟာမိတ်နိုင်ငံတွေက ပြတ်ပြတ်သားသား တုံ့ပြန်သွားမယ့်အကြောင်း ကန် သမ္မတ Joe Biden ပြော၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ သဘာဝအန္တရာယ်ဆိုင်ရာ ဥပဒေချိုးဖောက်တယ်ဆိုတဲ့ အမှုအတွက် အပြီးသတ်အမိန့် ချမှတ်မယ်လို့ သတ်မှတ်... စတဲ့သတင်းတွေ အပါအ၀င် ထိပ်တန်းရောက်နိုင်ငံတကာသတင်းတွေ၊ သတင်းဆောင်းပါးတွေကို တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၃၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်ကို ဇန်နဝါရီ ၁၀ရက် အမှုသုံးမှုအမိန့်ချဖို့ရှိနေ၊ အင်းစိန်ထောင်တွင်းနှိပ်စက်မှုများ တရားရုံးကိုတင်ပြ၊ ရှမ်းပြည်မြောက်ပိုင်း မုံးကိုးနဲ့ ဖောင်းဆိုင်မှာ တိုက်ပွဲပြင်းထန် စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ဘလော်ဂါတွေပြောသမျှနဲ့ သက်တန့်ရောင်သတင်းလွှာတွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။