TV
ဗွီအိုအေ အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက် (ဗုဒ္ဓဟူးနေ့) မနက်ပိုင်း
ဇန်နဝါရီ ၅ ရက် - စစ်ကိုင်းတိုင်းအတွင်းကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်နေတဲ့သတင်း၊ ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU က ဖက်ဒရယ်အခြေခံမူ ရေးဆွဲထားတဲ့သတင်း၊ ကယားပြည်နယ်က တိုက်ပွဲသတင်းတွေနဲ့ အတူ အပတ်စဉ်ကဏ္ဍတွေအဖြစ် ကမ္ဘာတလွှားခရီးသွားအစီအစဉ်၊ အမေရိကန်နိုင်ငံရေးအကြောင်း သတင်းဆောင်းပါး နဲ့ အင်္ဂါညဆွေးနွေးခန်းတို့ကို တင်ဆက်ထားပါတယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၁-၀၅-၂၀၂၁)
မြန်မာနိုင်ငံမှာ "ပြည်တွင်းစစ်ဖြစ်ဖို့ အတွက် အခြေအနေအားလုံး ပြည့်စုံနေတယ်" လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက ပြောကြား၊ အမေရိကားမှာ ကူးစက်မြန် Omicron ကိုဗစ်မျိုးကွဲ ကူးစက်မှု ပိုဆိုးလာနိုင်ကြောင်း သမ္မတ ဘိုင်ဒန် သတိပေး၊ မြောက်ကိုရီးယားက နောက်ထပ် မစ်ဇိုင်း ဒုံးကျည် စမ်းသပ် ပစ်လွှတ်…စတဲ့ နောက်ဆုံးရသတင်းတွေ တင်ပြထားပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၅၊၂၀၂၂
“ပြည်တွင်းစစ်ဖြစ်ဖို့ အခြေအနေအားလုံးပြည့်စုံနေ” ကမ္ဘောဒီယားနိုင်ငံခြားရေးဝန်ကြီး၊ “ကမ္ဘောဒီယားဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဖို့မရှိ” စစ်ကောင်စီပြောခွင့်ရ၊ ရန်ကုန်နဲ့ မုံရွာမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွား စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ လူထုနဲ့ကျန်းမာရေး၊ သတင်းသုံးသပ်ချက်နဲ့ အားကစားအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။