Svoboda | Graniru | BBC Russia | Golosameriki | Facebook

သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TV

၀၆:၀၀ - ၀၆:၅၉

ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (ဖေဖေါ်ဝါရီ ၃ ရက်)

ဗွီအိုအေ မြန်မာပိုင်း ကြာသပတေးနံနက်ခင်း (ဖေဖေါ်ဝါရီ ၃ ရက်) မြန်မာနိုင်ငံမှာ အာဏာခွဲဝေရေးလုပ်ဖို့ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် Noeleen Heyzer က အကြံပြုခဲ့ခြင်းမရှိကြောင်း ကုလအတွင်းရေးမှူးချုပ်ရုံးက ငြင်းဆိုလိုက်တဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ICJ မှာ NLD အစိုးရ ချေပချက်ကို NUG ရုတ်သိမ်းရတာဘာကြောင့်လဲ၊ မြန်မာ့အရေး မဏ္ဍိုင် ၄ ရပ်နဲ့ အမေရိကန်လုပ်ဆောင်သွားမယ်လို့ နိုင်ငံခြားရေးအတိုင်ပင်ခံ Derek Chollet က ပြောဆိုလိုက်တဲ့ သတင်းလွှာ၊ ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်၊ လူထုနဲ့ ကျန်းမာရေး၊ အားကစားကဏ္ဍ စတဲ့ အစီအစဉ်တွေကို နားဆင်ကြည့်ရှုရမှာပါ။

၁၉:၀၀ - ၁၉:၂၉

နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၀၃-၂၀၂၂)

မြန်မာနိုင်ငံမှာ အကြမ်းဖက် လုပ်ရပ်တွေနဲ့ နေရပ်စွန့်ခွာရသူတွေ တိုးလာတဲ့အပေါ် အထူးစိုးရိမ်တဲ့အကြောင်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာချက်ထုတ်၊ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြန်မာနိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြားခြင်း မရှိတာဟာ အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံကြီးတချို့ရဲ့ ဖိအားပေးမှုကြောင့် ဖြစ်ပြီး၊ ဒီလို မဖိတ်ကြားတဲ့အတွက် နှစ်နိုင်ငံရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာ မဟုတ်ကြောင်း စစ်ကောင်စီဘက်က တုံ့ပြန်၊ အမေရိကန်တပ်ဖွဲ့တွေကို ဥရောပမှာ ချထားတာကို ကြိုဆိုကြောင်း မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့အတွင်းရေးမှုးချုပ် Jens Stoltenberg ပြော

၂၁:၀၀ - ၂၁:၅၉

ဗွီအိုအေ ကြာသပတေးည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်

ဖေဖော်ဝါရီ ၃ - အာဆီယံဝန်ကြီးအဆင့်အစည်းအဝေး ဖိတ်ကြားမှုနဲ့ပတ်သက်ပြီး အဖွဲ့ဝင်နိုင်ငံတချို့နဲ့ နိုင်ငံကြီးတချို့ကို စစ်ကောင်စီ ပြစ်တင်ဝေဖန်တဲ့ သတင်းနဲ့အတူ မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ ဒေါ်အောင်ဆန်းစုကြည် နေမကောင်းလို့ ဒီကနေ့ တရားရုံး မတက်နိုင်၊ မိုးညှင်းမြို့နယ်အတွင်းက ရဲစခန်းတခုကို KIA သိမ်းပိုက်၊ ထန်တလန်မြို့ဘက်က ကျေးရွာတွေမှာ ပြည်သူ့အုပ်ချုပ်ရေး ထူထောင်ထားပြီးလို့ ကြေညာ၊ လွိုင်ကော်က အိုးအိမ်စွန့်ထွက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ အရေးပေါ်အကူအညီလိုအပ်နေ။ သီတင်းပတ်စဉ် - မြန်မာ့အရေးသုံးသပ်ချက်၊ ကျန်းမာရေးကဏ္ဍ၊ တိုင်းရင်းသတင်းလွှာ။

XS
SM
MD
LG