TV
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်းအစီအစဉ် (ဖေဖေါ်ဝါရီလ ၁၅ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနံနက်ခင်းအစီအစဉ် (ဖေဖေါ်ဝါရီလ ၁၅ရက်) ဂျပန်-ကမ္ဘောဒီးယား မြန်မာ့အရေး ဆွေးနွေးကြတဲ့သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ကြိုတင်အသိမပေးပဲ နာရီနဲ့ချီ မီးပျက်လို့ လုပ်ငန်းတွေထိခိုက်ရတဲ့အခြေအနေ၊ မယ်လဒုက္ခသည်စခန်းခေါင်းဆောင်တချို့ ထိုင်းရဲဖမ်းဆီးခဲ့ကြောင်း သတင်းပေးပို့ချက်၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ၊ သက်တန့်ရောင်သတင်းလွှာ စတာတွေကို နားဆင်ကြည့်ရှုရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၂-၁၅-၂၀၂၂)
ဂျာမနီဝန်ကြီးချုပ် ဟာ မော်စကိုမှာ ရုရှား သမ္မတ နဲ့ တွေ့ဆုံပြီး စစ်ကို ရှောင်ရှားနိုင်ဖို့ နဲ့ ယူကရိန်းကို တိုက်ခိုက်ခဲ့ရင် ရုရှားအပေါ် ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ချမှတ်ရမယ့်အရေး သတိပေး ဆွေးနွေးဖို့ရှိ၊မြန်မာစစ်တပ် ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ ဟာ စစ်ရာဇဝတ်မှု မြောက်တယ်လို့ လူ့အခွင့်အရေး အဖွဲ့ Fortify Rights အစီရင်ခံ၊ မြောက်ကိုရီးယားရဲ့ နျုကလီးယားလက်နက် ထုတ်လေ့ရှိတဲ့ Yangbyon နျုကလီးယား စက်ရုံမှာ ယူရေနီယံ သန့်စင်မှုတွေ ပြန်စပြီး လုပ်ငန်းလည်ပတ်နေတာကို ဆက်သွယ်ရေးဂြိုလ်တုက ရတဲ့ ပုံတွေအရ သိရ
VOA ရေဒီယိုညပိုင်း ဖေဖော်ဝါရီ၁၅၊၂၀၂၂။
မြန်မာစစ်တပ် ရက်စက်ကြမ်းကြုတ်မှုများ စစ်ရာဇဝတ်မှုမြောက် Fortify Rights ထုတ်ပြန်၊ မြန်မာစစ်တပ်ထုတ်ကုန်ပစ္စည်းများစာရင်း Burma Campaign UK ပြုစု၊ ရုပ်သိမ်းသွားတဲ့ဂျပန်ဘီယာလုပ်ငန်းဟာ အစားထိုးလွယ်တဲ့လုပ်ငန်းလို့ စစ်ကောင်စီတုန့်ပြန်.. စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ အမေရိကန်နိုင်ငံရေး၊ ကမ္ဘာတလွှားခရီးသွားနဲ့ အင်္ဂါနေ့ညစကားဝိုင်းအစီအစဉ်တွေ ထုတ်လွှင့်တင်ဆက်ပေးပါမယ်။