TV
ဗွီအိုအေ တပတ်အတွင်းသတင်း (ဖေဖော်ဝါရီ ၅၊ ၂၀၂၂)
ကျင်းပဖို့ရှိတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စစ်ကောင်စီ မတက်ရ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းသူတွေနှင့် ကန်နိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံ၊ ရှီနဲ့ ပူတင် စည်းလုံးမှုပြသ၊ ဒီလို မြန်မာနဲ့ ကမ္ဘာ တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ စစ်အာဏာသိမ်း ပြည်တွင်းပြည်ပ တုံ့ပြန်မှုများ သတင်းထောက်မှတ်စု၊ ဒါတွေကို ၂၀၂၂ ဖေဖော်ဝါရီ ၅ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
ဗွီအိုအေ စနေည ရေဒီယို/ရုပ်သံလွှင့်အစီအစဉ်
ဖေဖော်ဝါရီ ၅ - စစ်ကောင်စီ ပြင်ဆင်ရေးဆွဲထားတဲ့ ဆိုင်ဘာလုံခြုံရေးဥပဒေမူကြမ်းကို ဝေဖန်နေကြတာ၊ စစ်ကိုင်းတိုင်းထဲမှာ နောက်ထပ်ကျေးရွာတခု မီးရှို့ခံရတာအပါအဝင် မြန်မာ၊ ဒေသတွင်းနဲ့ နိုင်ငံတကာသတင်းများ၊ စစ်အာဏာရှင်စနစ်တော်လှန်ရေး ရည်မှန်းချက်တူသူအားလုံး ပူးပေါင်းဖို့ KIO ဥက္ကဋ္ဌက တိုက်တွန်းလိုက်တယ်ဆိုတဲ့ သတင်းပေးပို့ချက်။ သီတင်းပတ်စဉ် - ဒို့အသံ လူ့အခွင့်အရေးအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ တပတ်အတွင်း မြန်မာသတင်းကောက်နုတ်ချက်၊ တပတ်အတွင်း နိုင်ငံတကာသတင်းကောက်နုတ်ချက်။