TV
ဗွီအိုအေ အမေရိကန်အသံ မြန်မာပိုင်းအစီအစဉ် ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက် (တနင်္ဂနွေ) မနက်ပိုင်း
ဇန်နဝါရီ ၂ ရက် - ကရင်ပြည်နယ်၊ လေးကေ့ကော် ဒေသမှာ ထိုးစစ်တွေ ပြင်းထန်နေတဲ့အကြောင်း အပါအ၀င် နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာထိပ်တန်းရောက် သတင်းတွေနဲ့အတူ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့တနှစ်အတွင်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမှုသတင်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ဒို့အသံအစီအစဉ်၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ၊ နှစ်ချုပ် အားကစားအစီအစဉ် တွေကို နားဆင်ကြည့်ရှုရမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (ဇန်နဝါရီ ၂၊ ၂၀၂၂)
တုပ်ကွေးဖျားနာ ပျောက်ကင်းအောင် ကုသနည်းအကြောင်း လူထုနဲ့ကျန်းမာရေး၊ ပါရီမြို့တော်က ဧရာမ အလှမီးပုံကြီးများ ဆီသို့ ကမ္ဘာတလွှားခရီးသွား၊ သတင်းထဲက သုတ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ သင်ခန်းစာ နဲ့ ကာကွယ်ဆေးပုလင်းတွေနဲ့ ခရစ္စမတ်သစ်ပင်၊ ဒီလို ကားထဲ နပန်းသတ်ပွဲ ဒီလို ထူးခြားဆန်းပြားသတင်းများ အစီအစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၂ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း ဇန်နဝါရီ၂၊၂၀၂၁
ဗြိတိန်အိမ်ရှေ့စံ မင်းသားကြီး Charles နှစ်သစ်ဆုတောင်းလွှာထဲ မြန်မာ့အရေးပါဝင် အိန္ဒိယမြန်မာနယ်စပ် မီဇိုရမ်းပြည်နယ်မှာ လက်နက်ခဲယမ်းအစုအပုံသိမ်းဆည်းရမိ နယ်စပ်ဖြတ်ကျော်သူ မြန်မာ၄၆ဦးကို ချင်းမိုင်ခရိုင်မှာဖမ်းဆီးရမိ စတဲ့သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေမှာ ကမ္ဘာမြန်မာမီဒီယာမြင်ကွင်း၊ မြန်မာပြည်မှပေးစာများ၊ သတင်းထဲကသုတနဲ့ ထူးခြားဆန်းပြားသတင်းများ တို့ကို ထုတ်လွှင့်ပေးပါမယ်။