TV
စနေနေ့မနက် ဗွီအိုအေ ရေဒီယို/ရုပ်သံ ၂၀၂၁ အောက်တိုဘာလ(၂)ရက်
၂၀၂၁ အောက်တိုဘာလ(၂)ရက် စနေမနက် အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေအပြင် - ကချင်ပြည်နယ် ၊ ကယားနဲ့ ချင်းပြည်နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့တွေကြား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အခြေအနေ၊ တချို့နေရာတွေမှာ ခိုလှုံရေးအပြင် စားနပ်ရိက္ခာ ဆေးဝါးတွေပါ အရေးပေါ်လိုအပ်နေတဲ့ အကြောင်းတွေ နားဆင်ရမှာပါ။ သီတင်းပတ်စဉ် အမျိုးသမီးကဏ္ဍ ၊ သုတစုံလင် အမေရိကန်တခွင်နဲ့ သိပ္ပံနည်းပညာကဏ္ဍ တွေကိုလည်း ထုတ်လွှင့်သွားမှာပါ။
ဗွီအိုအေ တပတ်အတွင်းသတင်း အစီအစဉ် (အောက်တိုဘာ ၂၊ ၂၀၂၁)
မြန်မာမှာ ငွေတန်ဖိုးကျဆင်းမှု လူထုအခြေခံ စားဝတ်နေရေးကို ပြင်းပြင်းထန်ထန်ရိုက်ခတ်၊ တောင်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်ဆက်ဖို့ မြောက်ကိုရီးယားလိုလား၊ ဒီလို တပတ်အတွင်း သတင်း စုစည်းတင်ပြချက်၊ အမေရိကန်ပြည်ထောင်စုက မြန်မာတွေရဲ့ ဆူရှီလုပ်ငန်း အခက်အခဲနဲ့ အောင်မြင်မှုများ မေးမြန်းခန်း၊ ဒါတွေကို ၂၀၂၁ အောက်တိုဘာ ၂ ရက် စနေ၊ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရဒေီယိုညပိုင်း အောက်တိုဘာ၂၊၂၀၂၁
ကချင် လီဒိုလမ်းမပေါ်က တိုက်ပွဲကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရ၊ ထိုင်းနိုင်ငံမြို့တော်နဲ့ အနီးအနား ရေလွှမ်းမိုးမယ့်အန္တရာယ်၊ ကာဗွန်ဓါတ်ငွေ့ဆုတ်ယူနိုင်မယ့် ကမ္ဘာ့အကြီးဆုံးစက်ရုံစတဲ့ သတင်းတွေနဲ့ မြန်မာ့လူ့အခွင့်အရေးအခြေအနေကိုထင်ဟပ်တင်ဆက်တဲ့ ဒို့အသံအစီအစဉ်၊ စနေည ဆွေးနွေးခန်း အပတ်စဉ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးဖို့ရှိပါတယ်။