TV
၂၀၂၁ အောက်တိုဘာ ၃ ရက် မနက်ခင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက်ခင်း အစီအစဉ်မှာတော့ ထိပ်တန်းရောက် သတင်းတွေနဲ့အတူ ပြည်တွင်း ဒေါ်လာဈေး မြင့်တက်နေချိန်မှာ ပြည်ပကားတင်သွင်းမှု ကန့်သတ်ချက်က ဈေးကွက်အပေါ်ရိုက်ခတ်လာတဲ့ အကြောင်းနဲ့ အမေရိကန်ရဲ့ နိုင်ငံခြား မူဝါဒသုံးသပ်ချက်၊ အာဏာရလာတဲ့ တာလီဘန်တွေကို တရုတ်က ငွေကြေးထောက်ပံ့မှာလား ဆိုပြီး စိုးရိမ်နေကြ ၊ အမေရိကန်က ကတိပေးထားတဲ့အတိုင်း ကိုဗစ်ကာကွယ်ဆေးတွေ ကမ္ဘာကို မဖြန့်နိုင်သေး .. စတဲ့ သတင်းလွှာတွေနဲ့အတူ ဒို့အသံ ၊ စနေည စကားဝိုင်း အပတ်စဉ်ကဏ္ဍတွေ နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (အောက်တိုဘာ ၃ ရက်၊ ၂၀၂၁)
စစ်အာဏာသိမ်းပြီးနောက် ၈ လကျော်မှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ သတင်းထောက်မှတ်စု၊ WHO ခွင့်ပြုချက်ရ ကိုဗစ်ကာကွယ်ဆေး အမျိုးအစားများ အကြောင်း လူထုနဲ့ကျန်းမာရေး၊ အီတလီကို ဝေဟင်က သွားကြည့်မယ့် ကမ္ဘာတလွှား ခရီးသွား၊ မကြေးမုံရဲ့ အင်္ဂလိပ်စာနဲ့ သတင်းထဲက သုတ ဒီအစီအစဉ်တွေကို ၂၀၂၁ အောက်တိုဘာ ၃ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။