TV
ဗွီအိုအေ တနင်္ဂနွေမနက် ရေဒီယို/ရုပ်သံ
သြဂုတ်လ(၂၉) မနက် ၆ နာရီကနေ ၇ နာရီထိ ထုတ်လွှင့်တဲ့ အစီအစဉ်မှာ မြန်မာ၊ ဒေသတွင်း သတင်းတွေအပြင် အမေရိကန် မြို့ကြီးတွေမှာ မြန်မာ့အရေး ရန်ပုံငွေရှာလှုပ်ရှား ၊ ထိုင်းမှာ မြန်မာ စက်ရုံလုပ်သားတွေ ကိုဗစ်ကူးစက်ခံရ စတဲ့အကြောင်းနဲ့အတူ ဒို့အသံ၊ စနေည စကားဝိုင်းတွေကို နားဆင်ရပါမယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (သြဂုတ် ၂၉ ရက်၊ ၂၀၂၁)
စစ်အာဏာသိမ်း ၆ လကျော် အခြေအနေ သတင်းထောက်မှတ်စု၊ ကိုဗစ်ခုခံဖို့ အရေးကြီးတဲ့ အသားဓာတ် လူထုနဲ့ကျန်းမာရေး၊ ကမ္ဘာတလွှား ခရီးသွားမှာ ကိုဗစ်လွန် အီတလီ၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ ICJ အကြောင်း သတင်းတွေထဲက သုတ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ သြဂုတ် ၂၉ ရက် တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
သြဂုတ်လ ၂၉ရက်၊ တနင်္ဂနွေနေ့ည ဗွီအိုအေ ရေဒီယိုအစီအစဉ်
ထိုင်း-မြန်မာနယ်စပ် မယ်လအူး ဒုက္ခသည်စခန်းကိုဗစ်ကူးစက်မှု အခြေအနေတွေကိုနားဆင်ရမှာဖြစ်သလို စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ လူမှုစီးပွားအကျပ်အတည်းတွေ ကြုံနေရတဲ့အချိန်မှာ ကိုဗစ်ကပ်ဘေးနဲ့ ထပ်ကြုံရတဲ့ မြန်မာပြည်သူတွေအတွက် စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဘယ်လို ကုစားပေးနိုင်ပါသလဲဆိုတဲ့ အကြောင်း ဆက်သွယ်မေးမြန်းခန်းနဲ့ အပတ်စဉ်ကဏ္ဍတွေမှာတော့ ကမ္ဘာ့သတင်းတွေထဲ မြန်မာ့သတင်း၊ မြန်မာပြည်က ပေးစာများကဏ္ဍ၊ သတင်းတွေထဲက သုတအစီအစဉ်တွေကို နားဆင်ရဖို့ရှိပါတယ်။