TV
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (စက်တင်ဘာလ ၂၁ ရက်)
ဗွီအိုအေ မြန်မာပိုင်း အင်္ဂါနေ့ နံနက်ခင်း (စက်တင်ဘာလ ၂၁ ရက်) ရုရှားတက္ကသိုလ် ပစ်ခတ်မှု ၆ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့အတူ နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာသတင်းတွေ၊ ကိုဗစ်ဒဏ် စစ်ဒဏ် ပြိုင်တူခံနေရတဲ့ မုံးကိုး စစ်ဘေးရှောင်တွေအခြေအနေ၊ ရခိုင်တိုင်းရင်းရင်းသားလက်နက်ကိုင် AA အဖွဲဝင်တွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမယ့် သတင်းပေးပို့ချက်၊ စီးပွားရေးကဏ္ဍ၊ ဘလော့ဂါတွေပြောသမျှ စတဲ့ အစီအစဉ်တွေကို နားဆင်ရမှာပါ။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၁-၂၀၂၁)
အမေရိကန်သမ္မတ Joe Biden ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပထဆုံးအကြိမ် မိန့်ခွန်းပြောကြားတဲ့အခါ နိုင်ငံစုံပါဝင်မှုနဲ့ သံတမန်ရေးကို အာရုံစိုက်တဲ့ ကမ္ဘာ့ အမြင်တွေကို ပိုပြီးလက်ခံအောင် ပြောဖို့ရှိ၊ တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အမျိုးသားတွေကိုပဲ ဒုတိယ ဝန်ကြီးတွေအဖြစ်ခန့်ထား၊ မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားရတာ ၄ လ နီးပါး ရှိနေပြီ ဖြစ်တဲ့ အမေရိကန် သတင်းသမား Danny Fenster ဟာ တရားရုံး ကြားနာမှု အတွင်း စိတ်ပျက် အားလျော့နေပုံရ
VOA ရေဒီယိုညပိုင်း စက်တင်ဘာ၂၁၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်အမှုတွေထဲ တမှု ပထမဆုံးတရားရုံးစွဲချက်တင်၊ မြန်မာအင်တာနက်လွတ်လပ်ခွင့် အနိမ့်ဆုံးအဆင့်ရောက်ရှိ ၊ ရန်ကုန် လှိုင်သာယာမှာ ဗုံးလေးလုံးပေါက်ကွဲ၊ ရခိုင်မှာ ကပ်ဘေးစည်းမျဉ်းကြားက ကုန်သွယ်ရေးပြန်ဖွင့်ဖို့ကြိုးပမ်းနေ စတဲ့ သတင်းတွေနဲ့အတူ အမေရိကန်နိုင်ငံရေး၊ အင်္ဂါနေ့ည စကားဝိုင်း အပတ်စဉ်အစီအစဉ်တွေကို ထုတ်လွှင့်တင်ဆက်ပေးပါမယ်။