TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၂၂၊ ၂၀၂၁။
ကမ္ဘာ့ရေးရာ အခက်အခဲတွေကို အတူလက်တွဲပြီး ခိုင်ခိုင်မာမာ ရင်ဆိုင်ကြဖို့ အမေရိကန် သမ္မတက ကုလသမဂ္ဂ မိန့်ခွန်းမှာ တိုက်တွန်းလိုက်တဲ့ အကြောင်း၊ ဒီမောဆိုးက စစ်ရှောင်တွေ ရိက္ခာ ပြတ်လပ်မှု အခြေအနေ၊ စစ်ကောင်စီက ဖမ်းထားတဲ့ အမေရိကန် သတင်းသမား Denny Fenster ရဲ့ အမှုသွား အမှုလာ၊ ထိုင်းဘက်မှာ ခိုးဝင် ရိုဟင်ဂျာ တချို့ အဖမ်းအဆီး သတင်းဆောင်းပါးတွေနဲ့ အမေရိကန် နိုင်ငံရေး အကြောင်း သိကောင်းစရာနဲ့ အင်္ဂါညချမ်း ဆွေးနွေးခန်းတို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၂-၂၀၂၁)
ကမ္ဘာတဝန်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ နိုင်ငံတွေအားလုံး အတူလက်တွဲ ရင်ဆိုင်သွားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံ မိန့်ခွန်းမှာ အမေရိကန်သမ္မတ Joe Biden ပြော၊ ဒီကနေ့ ကမ္ဘာကြီးက ချောက်ကမ်းပါးစွန်းမှာ ရပ်နေရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres သတိပေး၊ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ မှတ်တမ်းတင်ခဲ့ဖူးသမျှ အနိမ့်ဆုံးအဆင့်ကို ရောက်နေတယ်လို့ Freedom House အဖွဲ့ထုတ်ပြန်
VOA ရဒေီယိုညပိုင်း စက်တင်ဘာ၂၂၊၂၀၂၁
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာ့အရေးတင်ပြ၊ ရိုဟင်ဂျာဒုက္ခသည်တွေကို ဖိလစ်ပိုင်ကြိုဆိုမည်၊ အင်တာနက်လွတ်လပ်မှုမရှိလို့ သတင်းမီဒီယာတွေပါထိခိုက်၊စက်သုံးဆီနဲ့စားသုံးဆီလုပ်ငန်းရှင်တွေကို ဗဟိုဘဏ် လျှော့ဈေးနဲ့ဒေါ်လာရောင်းချပေး.. စတဲ့ သတင်းတွေနဲ့ လူထုနဲ့ကျန်းမာရေး သတင်းသုံးသပ်ချက် အားကစား အပတ်စဉ်အစီအစဉ်တွေကို ထုတ်လွှင့်ပေးပါမယ်။