TV
၂၀၂၁ စက်တင်ဘာ ၂၆ ရက် မနက်ခင်း ဗွီအိုအေ ရေဒီယို/ရုပ်သံ
မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ မနက် အစီအစဉ်မှာတော့ ဒီေ မာဆို မြို့မှာ စစ်ကောင်စီ တပ်တွေနဲ့ ဒေသခံ PDF တွေကြား ၈ နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့ ၊ မြန်မာနိုင်ငံမှာ အသက် ၁၂ နှစ်ဝန်းကျင် ကလေးတွေကို ကာကွယ်ဆေး ထိုးပေးမယ့် အစီအစဉ်အပေါ် ပညာရှင်တချို့အမြင် ၊ မြန်မာပြည်ဆိုင်ရာ အမေရိကန် မူဝါဒမှာ ဘာတွေ လိုအပ်ချက် ရှိနေသလဲ ၊ ထိုင်းနိုင်ငံထဲ လူမှောင်ခို ကူးခံရတဲ့ မြန်မာတွေရဲ့အခြေအနေနဲ့ ဒို့အသံ ၊ စနေည စကားဝိုင်း အပတ်စဉ်ကဏ္ဍတွေ ပါဝင်ပါတယ်။
တနင်္ဂနွေနေ့ ဗွီအိုအေ တီဗွီမဂ္ဂဇင်း (စက်တင်ဘာ ၂၆ ရက်၊ ၂၀၂၁)
ကိုဗစ်ကာကွယ်ဆေးထိုး တိုးချဲ့လုပ်ဆောင်မှု အခြေအနေ သတင်းထောက်မှတ်စု၊ ကိုဗစ်ဖြစ်ပြီးနောက်ဆက်တွဲ ကြုံရတဲ့ ဆိုးကျိုးများ လူထုနဲ့ကျန်းမာရေး၊ မကြေးမုံရဲ့ အင်္ဂလိပ်စာ၊ သတင်းထဲက သုတနဲ့ သက်တံရောင်သတင်းလွှာ၊ ဒီအစီအစဉ်တွေကို ၂၀၂၁ စက်တင်ဘာ ၂၆ ရက်၊ တနင်္ဂနွေ ဗွီအိုအေတီဗွီမဂ္ဂဇင်းမှာ ကြည့်ရှုနိုင်ပါတယ်။
VOA ရေဒီယိုညပိုင်း စက်တင်ဘာ၂၅၊၂၀၂၁
ကချင်လီဒိုလမ်းမ အပေါ်တိုက်ပွဲဆက်ရှိနေ၊ ဒေါ်အောင်ဆန်းစုကြည် အမှု သုံးသပ်ချက်၊ ကိုဗစ် ဗီဇပြောင်းပိုး ကူး၊ မကူးစမ်းသပ်မှု အရေးကြီး၊ ကမ္ဘာ့သတင်းမီဒီယာတွေထဲက မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါးကောက်နှုတ်ချက်၊ မြန်မာပြည်မှ ပေးစာများ၊ သတင်းတွေထဲက သုတအစီအစဉ်တွေ နားဆင်၊ ကြည့်ရှု့ရဖို့ရှိပါတယ်။