TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၂၇၊ ၂၀၂၁။
ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက လာမယ့် ၂၀၂၂ ခုနှစ်ထိ ဆက်လက် တာဝန်ယူသွားဖို့ ရှိကြောင်း ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။ ဒီနောက်မှာတော့ Covid-19 စစ်ဆေးဖို့ ဘယ်လောက် အရေးကြီးလဲ ဆိုတာကို ဆွေးနွေးထားတဲ့ ဆက်သွယ် မေးမြန်းခန်း၊ ကမ္ဘာ့သတင်းတွေထဲက မြန်မာဆိုင်ရာ သတင်းကောက်နုတ်ချက်၊ မြန်မာပြည်က ပေးစာနဲ့ သတင်းတွေထဲက သုတ အပတ်စဉ် ကဏ္ဍတွေကို နားဆင်ကြရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၇-၂၀၂၁)
ကနဦးရလဒ်တွေ အရ ဂျာမနီပါလီမန်ရွေးကောက်ပွဲမှာ ဗဟို လက်ဝဲယိမ်းတဲ့ ဆိုရှယ်ဒီမိုကရက်တွေ မဲအများဆုံးရ၊ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ တပ်တွေနဲ့ ဆန့်ကျင်သူတွေကြား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားပြီး မြန်မာစစ်တပ်ဘက်က လေကြောင်းကနေ ထိုးစစ်ဆင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တင်ပြဆွေးနွေးချက်တွေဟာ မှန်ကန်မှုမရှိဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနငြင်း
VOA ရဒေီယိုညပိုင်း စက်တင်ဘာ၂၇၊၂၀၂၁
ဒေါ်အောင်ဆန်းစုကြည်အမှုနှစ်မှု ရှေ့အပတ်ထဲ စွဲချက်တင်ဖွယ်ရှိ၊ စစ်ကိုင်းတိုင်းတွင်း ကျေးရွာတချို့စစ်တပ်စီးနင်း ထိခိုက်သေဆုံးမှုရှိ၊ ဒီးမော့ဆိုမြို့နယ်တွင်း လေးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွား၊ အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၂၂၀၀ ကျော်အထိ ငွေလဲနှုန်းတက် စတဲ့ သတင်းတွေနဲ့အတူ သတင်းထောက်မှတ်စု စီးပွားရေး ဘလောဂါတွေပြောသမျှနဲ့ သက်တန့်ရောင် အပတ်စဉ်အစီအစဉ်တွေ ထုတ်လွှင့်ပေးပါမယ်။