TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၂၉၊ ၂၀၂၁။
အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်တွေ ပြန်ရုပ်သိမ်းမှုနဲ့ ပတ်သက်ပြီး အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေကို လွှတ်တော်က ပြင်းပြင်းထန်ထန် မေးမြန်း ကြားနာခဲ့ပါတယ်။ အာဖဂန်ကနေ အမေရိကန်တပ်တွေ ပြန်ရုပ်တဲ့ ကိစ္စက အိန္ဒိယနဲ့ ပါကစ္စတန် ဆက်ဆံရေး အပေါ် သက်ရောက်မှု ရှိလာနိုင်မလား၊ ထိုင်းနိုင်ငံမှာတော့ ကပ်ဘေးရောဂါ အတွင်း အကူအညီ လိုအပ်သူတွေကို ဘုန်းတော်ကြီးတွေ လိုက်လံ ကူညီပေးနေတဲ့ အကြောင်း၊ ထိုင်းရောက် တရားမ၀င် လုပ်သားတွေကို အထောက်အထားတွေ ထုတ်ပေးမယ့် အခြေအနေ စတဲ့ သတင်းဆောင်းပါးကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၂၉-၂၀၂၁)
အာဖဂန်စစ်ပွဲအတွင်း အမေရိကန်ရဲ့ ပေးဆပ်မှုတွေကို မနေ့က အထက်လွှတ်တော် ကြားနာပွဲမှာ အလေးအနက် ပြန်သုံးသပ်၊ အင်္ဂါနေ့က ဒုံးကျည်စမ်းသပ်မှု မြောက်ကိုရီးယားဝန်ခံ၊ မြန်မာကျပ်ငွေတန်ဘိုး ဒီလဆန်းကစလို့ ၆၀% ကျော်ကျဆင်း စတဲ့ နောက်ဆုံးရသတင်းတွေ၊ အားကစား အစီအစဉ်နဲ့ သတင်းဆောင်းပါးတွေ တင်ပြထားပါတယ်။