TV
ဗွီအိုအေ မြန်မာနံနက်ခင်း စက်တင်ဘာလ ၆၊၂၀၂၁။
ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ သံအမတ်ကြီး နေရာကို NUG ဘက်က အနိုင်ရနိုင်ချေ၊ ဖမ်းခံရမယ့် အရေး စိုးရိမ်ချက်ကြောင့် နယ်သာလန်မှာ ခိုလှုံခွင့် တောင်းထားတဲ့ ဒေါက်တာ အိနီတာမောင်နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မြန်မာ့ အရေး ဆွေးနွေးခန်း ၊ ကမ္ဘာ့သတင်းတွေထဲက မြန်မာဆိုင်ရာ သတင်းတွေ ကောက်နုတ်တင်ပြချက်၊ မြန်မာပြည်က ပေးစာ တို့ကို နားဆင်ရပါမယ်။
နေ့စဉ် တီဗွီသတင်းလွှာ (၀၉-၀၆-၂၀၂၁)
အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Panjshir တောင်ကြားက နောက်ဆုံးကျန်နေတဲ့ ခုခံသူတွေကို အပြီးသတ် အောင်ပွဲခံလိုက်ပြီလို့ တာလီဘန်တွေ ကြေညာ၊ အာဖဂန် အရေးဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကာတာနိုင်ငံသွား၊ မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ လေးလတာ အပစ်ရပ်ဆဲဖို့ အာဆီယံ အထူးကိုယ်စားလှယ် တောင်းဆိုတာကို စစ်ကောင်စီကလည်း သဘောတူ
ဗွီအိုအေ ညပိုင်း စက်တင်ဘာ၆၊၂၀၂၁
၎လကြာအပစ်ရပ်ရေးအာဆီယံကမ်းလှမ်းမှုကို TNLA အပြုသဘောကြိုဆို၊ စစ်ကောင်စီရဲ့ ပန်းခင်းစီမံချက် နိုင်ငံသားစိစစ်ရေးကဒ် ၄သန်းထုတ်ပေးဖို့မျှော်မှန်ထား၊ မြန်မာနယ်စပ်အပါ နယ်စပ်ဂိတ်တွေပြန်ဖွင့်ဖို့ ထိုင်းစဉ်းစားနေ စတဲ့ သတင်းတွေနဲ့ အပတ်စဉ်ကဏ္ဍတွေဖြစ်တဲ့ သတင်းထောက်မှတ်စု၊ စီးပွားရေး၊ ဘလောဂါတွေပြောသမျှနဲ့သက်တန့်ရောင်သတင်းလွှာတို့ ထုတ်လွှင့်ပေးပါမယ်။